နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းမြစ်လှိုင်လှိုင်ပေါ်

ရေနံချောင်း၊  ဒီဇင်ဘာ  ၂၁


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ထန်းမြစ်လှိုင်လှိုင်ပေါ်လျက်ရှိပြီး ပေါ်ဦးပေါ်ဖျား ရာသီစာ အဖြစ် စားသုံးသောကြောင့် ဝင်ငွေရနေကြောင်းသိရသည်။

တော်သလင်းလ၊ သီတင်းကျွတ်လ၌ ထန်းပင်များတွင် ထန်းသီးမှည့်ကိုထန်းပင်အောက်ကနေ ကောက်ယူပြီး  မြေကြီး၌ကျင်းတူးပြီး ထန်းသီးကိုထည့်၍သဲဖုံးရကြောင်း၊ နတ်တော်လထဲမှာ ထန်းပင်မြစ်ကိုတူးဖော်ရောင်းချ ရကြောင်း သိရသည်။ ယခုတစ်ပတ်တွင် ရေနံချောင်းမြို့နယ်၊ ချောက်မြို့နယ်ရှိ ကျေးရွာအချို့မှ ထန်းပင်မြစ်များ လှိုင်လှိုင်တူးဖော်နေကြပြီဖြစ်ရာ ရေနံချောင်းမြို့သို့ တစ်ပိုင်တနိုင် တင်ပို့ရောင်းချကြသည်။

ရေနံချောင်းမြို့မဈေးအနီးရှိ ပျံကျဈေး၌ ထန်းမြစ်တစ်စည်း ကျပ် ၄၀၀ ကနေ ကျပ် ၅၀၀၊ အကြီးတစ်စည်း ကျပ် ၁၀၀၀ အထိ ရောင်းချလျက်ရှိပြီး ပေါ်ဦးပေါ်ဖျားရာသီစာအဖြစ် စားသုံးကြသောကြောင့် လက်လီရောင်းသူ များ ဝင်ငွေရနေကြကြောင်း သိရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ