နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ နဝမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကျင်းပ

ရန်ကုန်၊  ဒီဇင်ဘာ  ၂၁


မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ နဝမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးအား ဒီဇင်ဘာ ၂၀ ရက်တွင် Virtual Meeting ပုံစံဖြင့်ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် သဘာပတိ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား အထွေထွေအတွင်းရေးမှူး ဦးရဲမြင့်မောင်က ဖတ်ကြား တင်ပြ၍ ဥက္ကဋ္ဌနှင့်အမှုဆောင်အဖွဲ့ဝင်များက အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအား ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသက်တမ်း ၁၅ နှစ်တာကာလအတွင်း စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်စွမ်းတမံဆောင်ရွက်ခဲ့သည်။ အသင်းစတင်ဖွဲ့စည်းခဲ့စဉ်က စိုက်ပျိုးရေးကိုအခြေခံသော စားသောက်ကုန်  လုပ်ငန်းများနှင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်သော စားသောက်ကုန်လုပ်ငန်းများ ပါဝင်ရန်အတွက် တိုးချဲ့ဖွဲ့စည်း စည်းရုံးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများမှ  တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများ       အသင်းမှ အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူအသင်းသားများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား MFPEA-Myanmar food processors and exporters association Facebook Page: https://bit.ly/3nIL7C5 တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရရှိသည်။

ကျော်ဆန်းမြင့်(လမ်းမတော် ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ