နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆရာဝန်များအတွက် စဉ်ဆက်မပြတ် ဆေးပညာသင်တန်းကျင်းပ

မန္တလေး၊  ဒီဇင်ဘာ  ၂၁


မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) ပညာရေးကော်မတီမှ ကြီးမှူး၍ စဉ်ဆက်မပြတ် ဆေးပညာသင်တန်းကို ဒီဇင်ဘာ၂၀ ရက်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိ ချမ်းအေးသာစံမြို့နယ်၊  ၃၁ လမ်းနှင့် လမ်း ၇၀ ထောင့်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီ) ရတနာပုံခန်းမတွင် Zoom Meeting ဖြင့် ကျင်းပသည်။ 

အခမ်းအနားတွင် သဘာပတိအဖြစ် ဆေးတက္ကသိုလ်(မန္တလေး) ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာရှိန်မြင့်၊ သားဖွားမီးယပ်ပညာဌာန ပါမောက္ခဒေါက်တာသင်းသင်းမြတ်တို့က ဆောင်ရွက်ပြီး ခေတ်မီခွဲစိတ်ကုသမှုများ ခေါင်းစဉ်ဖြင့် ရင်ခေါင်းခွဲစိတ်ကုပညာဌာန ပါမောက္ခဒေါက်တာတင်စိုး၊ ခွဲစိတ်ကု ပညာဌာန ကထိကဒေါက်တာကျော်စိုး၊ ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်လက်ထောက်ကထိက ဒေါက်တာဘုန်းနိုင်ဦး၊ သားဖွားမီးယပ်ဆိုင်ရာဆရာဝန်ကြီး ဒေါက်တာဝေဖြိုးမောင်တို့က ဟောပြော ဆွေးနွေးကြသည်။ ထို့နောက် ဟောပြောဆွေးနွေးပေးသူများအား မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး တိုင်းဒေသကြီး) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်မြင့်က ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သည်။ 


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ