နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟင်းသီးဟင်းရွက် စားသုံးခြင်းကြောင့် ပန်းနာရင်ကျပ် ဖြစ်နိုင်သည့် အန္တရာယ် လျော့နည်းနိုင်

ကျန်းမာရေးနှင့်အညီ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ စားသုံးမှုများသူများသည် ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနိုင်ချေ ပိုနည်းပြီး ယင်းရောဂါရှိနှင့်ပြီးဖြစ်ပါက ထိခိုက်ခံစားရနိုင်သည့် အန္တရာယ်နည်းပါးကြောင်း ပြင်သစ်သုတေသီများ၏လေ့လာမှုအရ သိရသည်။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များတွင်ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ရောင်ရမ်းမှုကို တိုက်ဖျက်သော အစွမ်းသတ္တိများက အဖြစ်များသော အသက်ရှူမှုဆိုင်ရာပြဿနာမှ ကာကွယ်ပေးကြောင်း ပညာရှင်များက ပြောသည်။ အသားများနှင့် ဆားငန်သော (သို့မဟုတ်) သကြားပါသော အစားအစာများ စားခြင်းကြောင့် ပန်းနာရောဂါ ထိန်းချုပ်ရ ပိုခက်ခဲစေနိုင်ကြောင်း ပြင်သစ်သုတေသီများက ပြောသည်။ အဆုတ်ရောင်ရမ်းခြင်း (သို့မဟုတ်) ပွခြင်းကြောင့်ဖြစ်ပေါ်သော ပန်းနာရင်ကျပ်ရောဂါအတွက် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သည့် ရောင်ရမ်းမှုကိုတိုက်ဖျက်သော ဂုဏ်သတ္တိများက အထောက်အကူပြုနိုင် သည်။ ပန်းနာရင်ကျပ်ခြင်းကြောင့် အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲသံပါခြင်းတို့ကဲ့သို့ လက္ခဏာများပြသပြီး ယင်းလက္ခဏာများ ဆိုးရွားလာချိန်တွင် အဆိုပါရောဂါဒဏ်ကို အခံရဆုံးဖြစ်နိုင်သည်။ မိမိတို့ လေ့လာတွေ့ရှိချက်က ယင်းပြင်းထန်သောရောဂါလက္ခဏာများကို ထိန်းချုပ်ရေး အထောက်အကူ ဖြစ်စေမည်ဟု မျှော်လင့်ကြောင်း သုတေသီများကပြောကြားသည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ