နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Boeing 737 Max လေယာဉ်က ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းနိုင်စွမ်းရှိဟု ဥရောပလေကြောင်းပျံသန်းရေးအေဂျင်စီ အကြီးအကဲ ပြော

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၁


Boeing 737 Max လေယာဉ်မှာ ဘေးအန္တရာယ် ကင်းရှင်းစွာ ပျံသန်းနိုင်စွမ်းရှိကြောင်း ဥရောပလေကြောင်း ပျံသန်းရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးအေဂျင်စီ (EASA) အကြီးအကဲက ပြောသည်။ စုစုပေါင်း လူ ၃၄၆ ဦး သေဆုံးခဲ့သည့် လေကြောင်းမတော်တဆမှုနှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် မတ်လတွင် Boeing 737 Max လေယာဉ်များကို ပျံသန်းခွင့် ပိတ်ပင်ခဲ့သည်။


သို့သော် ယခုအခါတွင် အမေရိကန်နှင့် ဘရာဇီးနိုင်ငံများ၌ Boeing 737 Max လေယာဉ်များကို တစ်ကျော့ပြန် ပျံသန်းခွင့် ပြုလိုက်ပြီဖြစ်သည်။ EASA အနေဖြင့် Boeing 737 Max လေယာဉ်များကို သုံးသပ်စစ်ဆေးမှု၊ လေယာဉ်ထုတ်လုပ်သူများ၏ ဒီဇိုင်းပြောင်းလဲမှုများကို ခွဲခြမ်းစိတ်ဖြာမှုတွင် နေရာလွတ်မကျန်အောင် စုံလင်စွာ စစ်ဆေးခဲ့ကြောင်း EASA ၏ အမှုဆောင်ဒါရိုက်တာ ပက်ထရစ်ကီက ပြောသည်။


EASA အနေဖြင့် လာမည့်ဇန်နဝါရီလတွင် Boeing 737 Max လေယာဉ်များကို ဥရောပ၌ ပြန်လည်ပျံသန်းခွင့်ပေးဖွယ် ရှိနေသည်။


KNT






အခြားဆက်စပ်သတင်းများ