မော်စကို၊ ဒီဇင်ဘာ ၂၁
ပြည်ပထောက်လှမ်းရေးအဖွဲ့မှာ ရုရှားနိုင်ငံကို ကာကွယ်ပေးရန်အတွက် အလွန်အရေးပါသည်ဟု သမ္မတပူတင်က ပြောခဲ့သည်။ အမေရိကန်အစိုးရဌာနများကို ပစ်မှတ်ထားခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်တွင် ရုရှားနိုင်ငံပါဝင်နေသည်ဟု စွပ်စွဲခံရပြီးနောက် ပူတင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
ပြည်ပထောက်လှမ်းရေးအဖွဲ့ (SVR) တည်ထောင်သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်တွင် မိန့်ခွန်းပြောရာ၌ ပြည်ပထောက်လှမ်းရေးအဖွဲ့နှင့် အခြားလုံခြုံရေးအဖွဲ့များမှာ ရုရှားနိုင်ငံ၏ အချုပ်အခြာ၊ ဒီမိုကရေစီနှင့် အမှီအခိုကင်းမဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်ပေးနိုင်သည်ဟု ပူတင်က ဆိုခဲ့သည်။
အမေရိကန်အစိုးရ၏ ကွန်ပျူတာစနစ်အပေါ် မကြုံစဖူး တိုက်ခိုက်မှုနောက်ကွယ်တွင် ရုရှားနိုင်ငံ၏ (SVR) ပြည်ပထောက်လှမ်းရေးအဖွဲ့ ပါဝင်နေဖွယ်ရှိသည်ဟု နိုင်ငံတကာ ဆိုက်ဘာသုတေသီအချို့က ပြောသည်။ အမေရိကန်နိုင်ငံခြားရေးမိုက်ပွမ်ပီယိုကလည်း အလားတူ စွပ်စွဲခဲ့သည်။ သို့သော် ရုရှားနိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆန်ခဲ့သည်။ ရုရှားနိုင်ငံမှာ ယခင်ကလည်း အနောက်အုပ်စုအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများတွင် ပါဝင်ခြင်းမရှိဟု အမြဲငြင်းဆန်လေ့ရှိသည်။
KNT