တိုကျို၊ ဒီဇင်ဘာ ၂၁
၉ နှစ်ဆက်တိုက် မြင့်တက်ခဲ့သည့် စစ်အသုံးစရိတ်ကို ဂျပန်ဝန်ကြီးချုပ် ယိုရှီဟဒေးဆူဂါ၏ အစိုးရအဖွဲ့က အတည်ပြုပေးခဲ့ရာ တရုတ်နိုင်ငံ၏ စစ်အင်အားကြီးထွားလာမှုကို တန်ပြန်နိုင်ရေးအတွက် နည်းပညာမြင့် ကိုယ်ပျောက်တိုက်လေယာဉ်များနှင့် တာဝေးပစ် သင်္ဘောဖျက်ဒုံးကျည်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ ရရှိခဲ့သည်။
ဧပြီလတွင် စတင်မည့် ဘဏ္ဍာနှစ်အတွက် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှာ စံချိန်တင်အသုံးစရိတ်အဖြစ် ယန်းငွေ ၅.၃၄ ထရီလျံ ( အမေရိကန်ဒေါ်လာ ၅၁.၇ ဘီလျံ) ရရှိမည်ဖြစ်ပြီး ယခုနှစ်ထက် အသုံးစရိတ် ၁.၁ ရာခိုင်နှုန်း ပိုမိုရရှိမည်ဖြစ်သည်။
တရုတ်နိုင်ငံအပါအဝင် ရန်ဘက်ဖြစ်လာနိုင်သည့် နိုင်ငံများကို အားကောင်း ကောင်းတုံ့ပြန်နိုင်စေရန်အတွက် ဂျပန်စစ်တပ်ကို လေယာဉ်သစ်များ၊ ဒုံးကျည်များ၊ ခရီးဝေးသွားနိုင်သည့် လေယာဉ်တင်သင်္ဘောများ ပေးအပ်နိုင်ရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟဒေးဆူဂါက ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးလက်ထက်အတိုင်း အငြင်းပွားဖွယ် စစ်အင်အားတိုးချဲ့ရေးကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။
တရုတ်နိုင်ငံမှာ ယခုနှစ်တွင် ယင်းတို့၏ စစ်အသုံးစရိတ်ကို ၆.၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် စီစဉ်နေသော် လည်း အဆိုပါပမာဏမှာ ဆယ်စုနှစ်သုံးခုအတွင်း အနည်းဆုံး တိုးမြှင့်မှုဖြစ်သည်။
KNT