ဘာလင်၊ ဒီဇင်ဘာ ၂၁
IS အဖွဲ့ဝင်များ၏ မိသားစုများဟု သံသယရှိရပြီး ဆီးရီးယားနိုင်ငံရှိ စခန်းများတွင် ခိုလှုံနေသည့် အမျိုးသမီး ၅ ဦးနှင့် ကလေးငယ် ၁၈ ဦးကို ဂျာမနီနှင့် ဖင်လန်နိုင်ငံက ခေါ်ယူခဲ့သည်။ လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု နှစ်နိုင်ငံလုံး၏ နိုင်ငံခြားရေးဝန်ကြီးဌာနများက ထုတ်ပြန်ခဲ့သည်။
IS အဖွဲ့တွင် ပါဝင်ခဲ့သည်ဟု သံသယရှိခြင်းကြောင့် အမျိုးသမီး ၃ ဦးကို စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ကြောင်း ဂျာမနီမီဒီယာတစ်ခုက ဖော်ပြသည်။ IS အဖွဲ့နှင့် ပူးပေါင်းခဲ့သည့် ဥရောပနိုင်ငံသား ရာပေါင်းများစွာမှာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် စခန်းများတွင် ခိုလှုံလျက်ရှိသည်။
အဆိုပါစခန်းများတွင် ခိုလှုံနေသူ အများအပြားမှာ IS အဖွဲ့ဝင်များ သို့မဟုတ် IS အဖွဲ့ကို ထောက်ခံအားပေး သူများ၏ ဇနီးများနှင့် ကလေးငယ်များဟု သံသယရှိသူများဖြစ်သည်။ ထို့ကြောင့် ဥရောပနိုင်ငံအချို့၏ အစိုးရအဖွဲ့များက လုံခြုံရေးအန္တရာယ် စိုးရိမ်ရခြင်းကြောင့် ဆီးရီးယားစခန်းများရှိ ယင်းတို့၏ နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် တွန့်ဆုတ်နေကြသည်။
KNT