နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 4040 mAh ပါဝင်သည့် OPPO A53 5G စမတ်ဖုန်းကို ကြေညာ

ဒီဇင်ဘာ ၂၀


OPPO က စမတ်ဖုန်းသစ်ဖြစ်သည့် OPPO A53 5G ကိုကြေညာလာပြီး အဆိုပါဖုန်းမှာ ၆ ဒသမ ၅ လက်မ 1080x2400px Resolution LCD ရုပ်ထွက်သုံးထားသည်။ 90Hz Refresh Rate နှင့် 120Hz Touch Sampling ပါဝင်ပြီးအလင်းပေးမှု 480 nits အထိပေးနိုင်သည်။ ဖုန်း၏အတိုင်းအတာက 162.2 x 75 x 7.9 မီလီမီတာ ရှိပြီးအလေးချိန် ၁၇၅ဂရမ်ရှိသည်။

OPPO A53 5G ကိုMediaTekDimensity 720 Chipset နှင့် အထိုင်ချထားပြီး 5G ထောက်ပံ့ထားသည်။ RAM4GB ၊ RAM6GB ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်ပြီး Storage 128GB ပါဝင်သည်။

ကျောဘက်ကင်မရာသုံးလုံးပါဝင်ကာ 16MP f/2.2+2MP f/2.4 Macro+2MP f/2.4 Depth ဖြစ်ကာ ရှေ့ကင်မရာက 8MP f/2.0 ဖြစ်သည်။ ဘက်ထရီ 4040 mAhပါဝင်ကာ 10W ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။ လက်ဗွေရာစနစ်ကိုဘောင်မှာထည့်သွင်းထားပြီး နားကြပ်ပေါက်ပါဝင်သည်။ Dual-SIM ထောက်ပံ့ထားပြီး Android 10 အခြေပြု ColorOS 7.2 သုံးထားသည်။ အဆိုပါဖုန်းကို ဈေးနှုန်းအနေဖြင့် ၁၉၈ ဒေါ်လာသတ်မှတ် ထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ