နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှာခေါင်းစည်းမတပ်ဘဲ ဆယ်ဖီရိုက်ခဲ့သည့် ချီလီသမ္မတ ဒဏ်ငွေရိုက်ခံရ

ဆန်တီယာဂို   ဒီဇင်ဘာ ၂၀


နှာခေါင်းစည်းမတပ်ဘဲ ဆယ်ဖီရိုက်ခဲ့သည့် ချီလီသမ္မတ ပင်နီရာမှာ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စည်းမျဉ်းများကို ချိုးဖောက်ရာရောက်၍ အမေရိကန်ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်ခံခဲ့ရသည်။  ယခုလအစောပိုင်း တွင် နှာခေါင်းစည်းတပ်ထားခြင်းမရှိသည့် အမျိုးသမီးတစ်ဦးနှင့်အတူ တွဲရိုက်ထားသည့်ဓာတ်ပုံပျံ့နှံ့သွားခဲ့ ပြီးနောက် ပင်နီရာက ပြန်လည်တောင်းပန်ခဲ့သည်။ ကာချာဂွာမြို့ရှိ ယင်း၏ နေအိမ်အနီးကမ်းခြေပေါ်တွင် အမျိုးသမီးတစ်ဦးက ဓာတ်ပုံတွဲရိုက်ခွင့် တောင်းဆိုချိန်၌ ယင်းအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ထားသင့် သည်ဟု ပင်နီရာက ဝန်ခံခဲ့သည်။ ချီလီနိုင်ငံမှာ လူမြင်ကွင်းတွင် နှာခေါင်းစည်းတပ်ဆင်ရန် တင်းကျပ်သည့် စည်းမျဉ်းချမှတ်ထားသည်။ နှာခေါင်းစည်းဝတ်ဆင်ရမည့် စည်းမျဉ်းကိုချိုးဖောက်ပါက ငွေဒဏ်နှင့်ထောင်ဒဏ် အပါအဝင် ပြစ်ဒဏ်များချမှတ်နိုင်သည်။ 

ချီလီနိုင်ငံမှာ လက်တင်အမေရိကတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူအများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၅၈၁၁၃၅ ဦး၊ သေဆုံးသူ ၁၆၀၅၁ ဦးရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။                                                              (KNT)






အခြားဆက်စပ်သတင်းများ