နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်လူနာများကို ကုသပေးနေသည့် တူရကီဆေးရုံတွင် အသက်ရှူစက်ပေါက်ကွဲ၍ လူကိုးဦး သေဆုံး

အန်ကာရာ   ဒီဇင်ဘာ ၂၀


တူရကီနိုင်ငံတောင်ပိုင်းတွင် ကိုဗစ်-၁၉ လူနာများကို ကုသပေးနေသည့် ဆေးရုံ၌ အသက်ရှူစက် ပေါက်ကွဲခဲ့ခြင်းကြောင့် လူကိုးဦး သေဆုံးခဲ့ကြောင်း အရာရှိများက ပြောသည်။ 

ဂါဇီယန်တက်ပြည်နယ် ဆန်ကိုတက္ကသိုလ်ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် မီးလောင်ခဲ့ကြောင်း ဒေသဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။ အခြားဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့သည့် လူနာများအနက် အနည်းဆုံး လူနာတစ်ဦး သေဆုံးခဲ့သည်။ 

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂ သန်းနီးပါးရှိပြီး ၁၇၆၁၀ ဦး သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။ ပြီးခဲ့သည့်စနေနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး အချိန်တိုအတွင်း ငြှိမ်းသတ်နိုင်ခဲ့သည့် မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိပေ။ သေဆုံးသူများမှာ အသက် ၅၆ နှစ်မှ ၈၅ နှစ်ကြားအရွယ်ရှိသူများဖြစ်ကြောင်း ဆေးရုံကထုတ်ပြန် ခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းရင်းကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့်လကလည်း ရိုမေးနီးယားနိုင်ငံဆေးရုံတွင် မီးလောင်ကျွမ်းမှုကြောင့် ကိုဗစ်-၁၉ လူနာ ၁၀ ဦး        သေဆုံးခဲ့သည်။                                                                                                                                    (KNT)






အခြားဆက်စပ်သတင်းများ