နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇသစ်ကြောင့် ဟော်လန်နိုင်ငံက ဗြိတိန်လေကြောင်းလိုင်းများကို ပိတ်ပင်

အမ်စတာဒမ်   ဒီဇင်ဘာ ၂၀


ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇသစ်တွေ့ရှိခဲ့ပြီးနောက် ဟော်လန်နိုင်ငံက ဗြိတိန်ခရီးသည် များကို တင်ဆောင်သည့်လေကြောင်းခရီးစဉ်အားလုံးကို ပိတ်ပင်တော့မည်ဖြစ်သည်။ ခရီးသွားလာမှုပိတ်ပင် ခြင်းမှာ ဇန်နဝါရီလ ၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း ဟော်လန်အစိုးရက ပြောသည်။ လက်ရှိ အခြေအနေများကို စောင့်ကြည့်နေကြောင်း၊ အခြားခရီးသွားလာရေးစနစ်များနှင့်ပတ်သက်၍ နောက်ထပ် စည်းမျဉ်းများထုတ်ပြန်ရန် စဉ်းစားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့်ဒီဇင်ဘာလအစောပိုင်းက ဟော်လန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါပိုးနမူနာ တစ်ခုမှာ ဗြိတိန်နိုင်ငံတွင် တွေ့ရသည့် မျိုးဗီဇသစ်နှင့် တူညီနေကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် စည်းမျဉ်းများ ထုတ်ပြန်ခဲ့သည့်အပြင် မလိုအပ်ဘဲ ခရီးမသွားရန် ဟော်လန်အစိုးရက အကြံပေးထားသည်။ ဗြိတိန်နိုင်ငံတွင် တွေ့ရသည့် ဗိုင်းရပ်စ် မျိုးဗီဇသစ်မှာ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်မှုပိုမိုလွယ်ကူသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် သိပ္ပံပညာရှင်များက ကြေညာခဲ့ပြီးနောက် ဟော်လန်နိုင်ငံက ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။                                          (KNT)






အခြားဆက်စပ်သတင်းများ