နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Quarantine ဝင်ရသူများအတွက် "စောစောပြော" Mobile App

အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း(Quarantine)ခံယူနေသူများအတွက် "စောစောပြော" Mobile App ကို ရေးဆွဲခဲ့ပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားလိုက်သည်။ ယင်း APP သည် တောင်ကိုရီးယားအပါအဝင် အခြားနိုင်ငံများမှ COVID-19 နှင့်ပတ်သက်၍ရေးဆွဲ အသုံးပြုလျက်ရှိသည့် Mobile App များကို နမူနာယူပြီး မြန်မာနိုင်ငံ၏အနေအထား၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ရေးဆွဲထားခြင်းဖြစ်သည်ဟု ပြောသည်။ Mobile App တွင် အရေးပေါ်ခေါ်ဆိုနိုင်မည့် Hot Line ဖုန်းနံပါတ်လည်း ထည့်သွင်းထားမည်ဖြစ်သည့် အတွက် App မှ တစ်ခါတည်း ဖုန်းခေါ်ဆိုသတင်းပို့နိုင်မည်ဖြစ်သည်။ ထို့အပြင် Quarantine ခံယူနေသူများ၏ တင်ပြချက်များ၊ ကျန်းမာရေးအခြေအနေများနှင့် တည်နေရာ များကို အချိန်အလိုက်မှတ်တမ်းတင်ထားမည်ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းအလိုက်၊ နေ့ရက်အလိုက်၊ အချိန်အပိုင်းအခြားအလိုက် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ယခုအခါတွင် ယင်း Mobile App ကို ရေးဆွဲပြီးဖြစ်သည့်အတွက် ရန်ကုန်တိုင်းအစိုးရဦးဆောင်သော အဖွဲ့နှင့် နည်းပညာကိုရင်းနှီးကျွမ်းဝင်သည့် Volunteer လူငယ်များကတာဝန်ယူပြီး လက်ရှိ Quarantine ခံယူလျက်ရှိသည့် နေရာများသို့ သွားရောက်ကာ Mobile App ကို ထည့်သွင်းပေးသွားမည်ဖြစ်သည်။ Quarantine ခံယူလျက်ရှိသည့်ပြည်သူများ အင်တာနက်အသုံးပြုနိုင်ရန်အတွက် Quarantine ခံယူလျက်ရှိသူ တစ်ဦးချင်းစီကို MPT, Telenor, Ooredoo, Mytel စသည့် အော်ပရေတာလေးခုစလုံးမှ တယ်လီဖုန်း Sim Card နှင့် အင်တာနက်ဒေတာ 1 GB အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ . ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ