နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ကလေးငယ် ၁၅ ဦး သေဆုံး

ကာဘူးလ်  ဒီဇင်ဘာ ၁၉

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇနီပြည်နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ကလေးငယ် ၁၅ဦး သေဆုံးခဲ့ပြီး လူ ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။ ဂီလန်ခရိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ သို့သော် ဆိုက်ကားအနောက်တွင် တင်ထားသည့် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အရာရှိများက ပြောသည်။

သို့သော် ကလေးငယ်များက မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို သံတို၊ သံစ ဝယ်သူထံ သွားရောင်းချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖွယ်ရှိသည်ဟု ဒေသခံများက ယူဆထားသည်။ တာလီဘန်အဖွဲ့ကလည်း အဆိုပါ ပေါက်ကွဲမှုမှာ မတော်တဆဖြစ်ရပ်ဟု ဆိုသည်။
ရွာထဲသို့ ၃ ဘီးဆိုင်ကယ် စီးဝင်လာသည့် အမျိုးသားတစ်ဦး၏ဘေးတွင် ကလေးငယ်များ ဝိုင်းအုံနေချိန်၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဂါဇနီပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဆိုပါ ဖြစ်ရပ်တွင် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်သည်ဟု ယင်းက ဆိုသည်။                      

(KNT)






အခြားဆက်စပ်သတင်းများ