နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယားနိုင်ငံတွင် ပြန်ပေးဆွဲခံရသည့် ကျောင်းသား ၃၀၀ ကျော် ပြန်လွတ်မြောက်လာ

အဘူဂျာ  ဒီဇင်ဘာ ၁၉

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျောင်းမှ ပြန်ပေးဆွဲခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကျောင်းသား ၃၀၀ ကျော်မှာ ရက်သတ္တပတ်အကြာတွင် ယင်းတို့၏မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့် ရရှိခဲ့သည်။

ကက်ဆီနာပြည်နယ်သို့ ဘတ်စ်ကားဖြင့် ပြန်လည်ရောက်ရှိလာသည့် ကျောင်းသားများမှာ အစိုးရ အဆောက်အအုံထံ စီတန်းလမ်းလျှောက်လာပြီး သမ္မတဘူဟာရီ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့နှင့်   တွေ့ဆုံစကားပြောခဲ့သည်။ ထို့နောက်တွင် ယင်းတို့ကို ဆေးစစ်ပေးခဲ့သည်။ ပြန်ပေးဆွဲသူများက ယင်းတို့ကို ပေါင်မုန့်နှင့် ပလောပီနံဥများ ကျွေးခဲ့ကြောင်း၊ ထိန်းသိမ်းထားသည့်နေရာမှာ အလွန်အေးကြောင်း ပြန်လည် လွတ်မြောက်လာသည့် ကျောင်းသားတစ်ဦးက ပြောသည်။ ကျောင်းသားများကို ပြန်ပေးဆွဲမှုမှာ ယင်းတို့၏ လက်ချက်ဖြစ်သည်ဟု ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က ပြောသည်။

သို့သော် အခင်းဖြစ်ပွားသည့်နေရာမှာ ယင်းတို့ပုံမှန်လှုပ်ရှားနေသည့် နယ်မြေပြင်ပသို့ ရောက်ရှိနေခြင်း ကြောင့် နိုင်ငံရေးသုတေသီအချို့က ဘိုကိုဟာရမ်အဖွဲ့၏ ပြောကြားချက်အပေါ် သံသယရှိနေသည်။  ယခုအခါတွင် ကျောင်းသားများကို ဒေသခံဒုစရိုက်ဂိုဏ်းက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အာဏာပိုင် များက ပြောသည်။ ကျောင်းသား ၃၄၄ ဦး ပြန်လည်လွတ်မြောက်လာသော်လည်း အခြားသူများ ပျောက်ဆုံး နေဆဲဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး မာဆာရီက ပြောသည်။                                                 

(KNT)






အခြားဆက်စပ်သတင်းများ