နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇာတ်နိမ့်အမျိုးသမီးတစ်ဦး အဓမ္မကျင့်၊ သတ်ဖြတ်ခံရမှုအတွက် အမျိုးသားလေးဦးကို စွဲချက်တင်

နယူးဒေလီ  ဒီဇင်ဘာ ၁၉

ယခုနှစ်အစောပိုင်းက အိန္ဒိယနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် နာကျည်းခံပြင်းမှုများဖြစ်စေခဲ့သည့် ၁၉ နှစ် အရွယ် ဒလိတဇာတ်နိမ့်မျိုးနွယ်ဝင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရသည့်ဖြစ်ရပ်အတွက် အမျိုးသားလေးဦးကို စွဲချက်တင်ခဲ့သည်။
ပြီးခဲ့သည့်စက်တင်ဘာလက အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်တွင် အဓမ္မပြုကျင့်၊ တိုက်ခိုက်ခံခဲ့ရပြီးနောက် အမျိုးသမီးကို နယူးဒေလီမြို့ ဆေးရုံသို့ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာများ ကြောင့် ကွယ်လွန်ခဲ့သည်။

အဆိုပါဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုပုံစံပတ်သက်၍ ဝေဖန်မှုများရင်ဆိုင်ခဲ့ရသည်။ ဒေသခံရဲတပ်ဖွဲ့က အဆိုပါအမှုကို ရည်ရွယ်ချက်ရှိရှိ ချွတ်ချော်တိမ်းစောင်းအောင် လုပ်နေသည်ဆိုသော စွပ်စွဲချက်များထွက်ပေါ်ခဲ့ သည်။ နောက်ပိုင်းတွင် အဆိုပါအမှုကို အိန္ဒိယနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုသို့ လွှဲပေးခဲ့သည်။

သံသယရှိသူလေးဦးလုံးမှာ ဇာတ်မြင့်သူများဖြစ်သည်။ ယင်းတို့က ဟာသရခရိုင် လယ်ကွင်းထဲတွင် ဒလိတမျိုးနွယ်ဝင်အမျိုးသမီးကို အဓမ္မပြုကျင့်၊ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ ဒေသခံရဲတပ်ဖွဲ့က ယင်းတို့၏ ခွင့်ပြုချက်တောင်းခံခြင်းမပြုဘဲ အမျိုးသမီး၏အလောင်းကို သင်္ဂြိုဟ်ခဲ့သည်ဟု ကျန်ရစ်သူမိသားစုက စွပ်စွဲထားသည်။ သို့သော် အဆိုပါစွပ်စွဲချက်ကို အာဏာပိုင်များက ငြင်းဆန်ထားသည်။ ယင်းဖြစ်ရပ်တွင် သုက်ပိုးမတွေ့ရခြင်းကြောင့် အဓမ္မပြုကျင့်ခံရခြင်းမဟုတ်ဟု ထိပ်တန်းပြည်နယ်အရာရှိတစ်ဦးက ပြောသည်။

   (KNT)






အခြားဆက်စပ်သတင်းများ