နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Qualcomm က Snapdragon 678 Chipset သစ်ကို ကြေညာ

ဒီဇင်ဘာ ၁၈

အလယ်အလတ်တန်းစမတ်ဖုန်းများအကြားမှာ ရေပန်းစားခဲ့သည့် Snapdragon 675 ကို ၂၀၁၈ ခုနှစ်တုန်းက ကြေညာခဲ့ပြီး ယခုအခါတွင် Qualcomm က Snapdragon 675 ၏ ခြေရာကို ဆက်ခံမည့် Chipset သစ်အဖြစ် Snapdragon 678 ကို ကြေညာလာပြီဖြစ်သည်။

အသစ်ကြေညာလာသည့် Snapdragon 678 က ကင်မရာစွမ်းဆောင်ရည်ပိုင်းနှင့် ကွန်ရက်ပိုင်းပိုမိုကောင်းမွန် လာအောင်လုပ်ဆောင်ထားသည့် Chipset ဖြစ်သည်။
Snapdragon 678 မှာ Spectre 250L ISP ၊ Snapdragon X12 LTE Modem ၊ Hexagon 685 DSP ပါဝင်ပြီး ဓာတ်ပုံရုပ်ထွက်ပိုင်းကို 2520x1080px Resolution နှင့် 10-bit Colors အထိ ထောက်ပံ့လာသည်။

Snapdragon 678 ကို 11nm LLP Process ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီးမြန်နှုန်း 2.2GHz ရှိကာ Adreno 612 GPU သုံးထားသည်။ ကျောဘက်ကင်မရာ 48MP နှင့် ရှေ့ကင်မရာ 16MP အထိထောက်ပံ့ထားပြီး ဗီဒီယိုရိုက်ကူးမှုကို 4K@30fps ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ