နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုအစိုးရက မူးယစ်ရာဇာ၏စံအိမ်ကို လေလံတင်ရောင်းချပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရန်ပုံငွေရှာ

မေ ၅၊ မက္ကဆီကိုစီးတီး

ကွယ်လွန်သွားပြီဖြစ်သည့် မူးယစ်ရာဇာ ဖူအန်တက်စ်၏စံအိမ်ကို မက္ကဆီကိုအစိုးရက အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ဖြင့် လေလံတင်ရောင်းချခဲ့သည်။ ကောင်းကင်များ၏အရှင်သခင်ဟု တင်စားခံရသည့် ဖူအန်တက်စ်မှာ ပလတ်စတစ်ဆာဂျရီလုပ်ရာတွင် မှားယွင်းချွတ်ချော်ခဲ့ခြင်းကြောင့် ၁၉၉၇ ခုနှစ်တွင် သေဆုံးခဲ့သည်။ ဖူအန်တက်စ်မှာ ယင်း၏ကိုယ်ပိုင်လေယာဉ်များအတွင်း မူးယစ်ဆေးဝါးအများအပြား ထည့်သွင်းပြီး မှောင်ခိုကူးခြင်းကြောင့်  ကောင်းကင်များ၏အရှင်သခင်ဟု တင်စားခံခဲ့ရသူဖြစ်သည်။

မက္ကဆီကိုစီးတီးမြို့ရှိ ဖူအန်တက်စ်၏ စံအိမ်ကို အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းချပြီး ရရှိလာသည့် ငွေများကို မက္ကဆီကိုနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနနှင့် ကိုရိုနာဗိုင်းရပ်စ် တွန်းလှန် တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။ မူးယစ်ရာဇာဘဝတွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကြွယ်ဝချမ်းသာခဲ့သည့် ဖူအန်တက်စ်မှာ အသက် ၄၀ ဝန်းကျင်တွင် သေဆုံးခဲ့သည်။ ယင်း သေဆုံးခဲ့ရခြင်းကြောင့် လက်စားချေသည့်အနေဖြင့် ဆရာဝန်သုံးယောက်ကို ယင်း၏ဂိုဏ်းသားများက    သတ်ဖြတ်ခဲ့သည်။       
                       
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ