နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇန်နဝါရီလအတွင်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံနိုင်ဖို့ အိန္ဒိယအစိုးရ မျှော်လင့်

နယူးဒေလီ   ဒီဇင်ဘာ ၁၈


လာမည့်ဇန်နဝါရီလတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယနိုင်ငံ ပြည်ထောင်စု ကျန်းမာရေးအရာရှိများက ပြောသည်။ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ကာကွယ်ဆေးအချို့ကို  အရေးပေါ်ထိုးနှံခွင့်ပေးဖွယ်ရှိသည်ဟု အမည်မဖော်လိုသူ အရာရှိများက ပြောသည်။


ဗြိတိန်နိုင်ငံ ဆေးဝါးကုမ္ပဏီ AstraZeneca နှင့် ပူးပေါင်းဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံ သီရမ်သိပ္ပံက ဖော်စပ်သည့် Covishield ကာကွယ်ဆေး၊ အိန္ဒိယနိုင်ငံ ဆေးဝါးသုတေသနကောင်စီနှင့် ပူးပေါင်းပြီး Bharat Biotech ကုမ္ပဏီက ဖော်စပ်သည့် Covaxin ကာကွယ်ဆေး ၂ မျိုးအတွက် အရေးပေါ်အသုံးပြုခွင့်ပေးရန် လျှောက်ထားခဲ့ပြီး နောက်ထပ်ကုမ္ပဏီ ၆ ခု၏ ကာကွယ်ဆေးများမှာ စမ်းသပ်ထိုးနှံနေဆဲအဆင့်တွင်သာ ရှိသေးသည်။


အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံရေးစီမံကိန်းမှာ လာမည့်သြဂုတ်လအစောပိုင်းတွင် လူသန်း ၃၀၀ ကို ထိုးနှံပေးနိုင်ရန် ရည်မှန်းထားသည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀ သန်းနီးပါးရှိပြီး လူ ၁၄၄၀၀၀ ကျော် သေဆုံးခဲ့သည်။ သို့သော် လက်ရှိကိန်းဂဏန်း၊ အချက်အလက်များအရ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာဖွယ်ရှိသည်။


အိန္ဒိယနိုင်ငံတွင် အသုံးပြုခွင့်ရရန် ကြိုးပမ်းဆောင်ရွက်နေသည့် ကာကွယ်ဆေး ၈ မျိုးရှိနေသည့်အနက် ၄ မျိုးမှာ အိန္ဒိယ၏ ပြည်တွင်းဖြစ် ကာကွယ်ဆေးများဖြစ်သည်ဟု အရာရှိများက ပြောသည်။ အိန္ဒိယအစိုးရက ကမ္ဘာတစ်ဝန်းရှိ ကာကွယ်ဆေးထုတ်လုပ်သူများထံမှ ကာကွယ်ဆေးအဖုံရေ သန်းချီ ကြိုတင်မှာယူထားသည်ဆိုသည့် ဖော်ပြချက်များကို အိန္ဒိယအရာရှိများကငြင်းဆန်ခဲ့ပြီး အိန္ဒိယနိုင်ငံရှိ ကာကွယ်ဆေးပမာဏအတွက် ကျေနပ်သည်ဟု ဆိုသည်။                                                                


(KNT)






အခြားဆက်စပ်သတင်းများ