နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်သမ္မတ မက်ခရွန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ပါရီ  ဒီဇင်ဘာ ၁၈


ပြင်သစ်သမ္မတ မက်ခရွန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဥရောပနိုင်ငံများ၏ ခေါင်းဆောင်အများအပြား သီးသန့်ခွဲခြားနေထိုင်လျက်ရှိသည်။ အသက် ၄၂ နှစ်ရှိသည့် မက်ခရွန်မှာ ရုံးမတက်ဘဲ အလုပ်လုပ်မည်ဖြစ်ပြီး ၇ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်မည်ဟု အီလိုက်ဆေး နန်းတော်က ထုတ်ပြန်ခဲ့သည်။


မက်ခရွန်သည် မကြာသေးမီ ရက်ပိုင်းအတွင်း ဥရောပထိပ်သီး အစည်းအဝေး အပါအဝင် ပွဲလမ်းအခမ်းအနား အများအပြားတက်ရောက်ခဲ့သည်။ မက်ခရွန်တွင် ရောဂါကူးစက်ခံထားရ ကြောင်း တွေ့ရှိခဲ့ပြီးနောက် စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်အပါအဝင် ဥရောပခေါင်းဆောင် တော်တော်များများက သီးသန့်ခွဲခြားနေထိုင်မည်ဟု ပြောကြားခဲ့သည်။


မက်ခရွန်ရဲ့ဇနီးမှာလည်း သီးသန့်ခွဲခြားနေထိုင်နေပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာပြခြင်းမရှိပေ။ မက်ခရွန်ကို မည်ကဲ့သို့ ရောဂါကူးစက်ခဲ့ခြင်းဖြစ်ကြောင်း မသိရသေးပေ။ မကြာမီက ယင်းနှင့် ထိတွေ့မိသူ များကို ခွဲခြားဖော်ထုတ်နေသည်ဟု ပြင်သစ်သမ္မတရုံးက ပြောသည်။ မက်ခရွန်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့ပြီး ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ပြင်သစ်လွှတ်တော်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။                                       


(KNT)






အခြားဆက်စပ်သတင်းများ