နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေမည့် နည်းလမ်းကောင်းများ

ရန်ကုန်   ဒီဇင်ဘာ  ၁၈

သွားကိုက်သည့်ဝေဒနာက လွန်စွာခံရခက်သည်ကို  ကြုံဖူးသူတိုင်းသိကြပါလိမ့်မည်။ အစာစား၍ မရသည့်အပြင်၊ အာရုံကြောများ ဆက်စပ်နေသည့်အတွက် ခေါင်းကိုက်လာသည်အထိ ခံစားရပါသည်။။ ထို့ကြောင့် သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်သည့် နည်းလမ်းကောင်းတချို့ကို ဖော်ပြ လိုပါသည်။ သွားကိုက်သည့်နေရာကို ဘာမျှမဝါးမိပါစေနှင့်။ သွားကအထိခိုက်မခံနိုင်အောင်ဖြစ်နေ၍ အလွန်ပူသော (သို့မဟုတ်) အလွန်အေးသော  အစားအသောက်များကို ရှောင်ပါ။ သွားကိုက်နေသော ခန္ဓာကိုယ်ဘက်ခြမ်း၏ လက်ညှိုးနှင့် လက်မကြားက လက်ဖဝါးကို ရေခဲတုံးဖြင့်ကပ်ပေးပါ။ ရေနွေးဖြူ တစ်ဖန်ခွက်ထဲသို့ ဆားစားပွဲတင်ဇွန်း တစ်ဇွန်းမောက်မောက်ရောကာ၊ ငုံနိုင်သမျှ အချိန်ကြာကြာငုံထားပြီး အာလုပ် (ပလုပ်)ကျင်းပါ။ ဤနည်းအတိုင်း နှစ်ခွက်သုံးခွက် ဆက်တိုက်ပလုပ်ကျင်းပေးပါ။ ရေခဲအိတ်ဖြင့် ကိုက်နေသည့် သွား၏ ပါးပြင်ပေါ်ကိုကပ်ပေးပါ (သို့မဟုတ်) ကိုက်နေသည့် သွား၏မေးရိုးပေါ်ကို ရေခဲတုံး ကပ်ပေးခြင်းကလည်း နာကျင်မှုကို သက်သာစေပါသည်။

 ကြက်သွန်နီထဲရှိ သဘာ၀ antimicrobial အစွမ်းက သွားနာကျင်ကိုက်ခဲမှုကို သက်သာစေပါသည်။ ထို့ကြောင့် ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို အကွင်းလိုက် ခပ်ထူထူလှီးပြီး၊ ကိုက်နေသော သွားပေါ်ကိုဖိ၍ ငုံထားပါ။  အရက်တွင်ပါရှိသည့် အယ်လ်ကိုဟောလ်က သွားကိုက်ခြင်းကိုသက်သာစေ၍ အရက်ငုံပေးပါ (သို့မဟုတ်) အယ်လ်ကိုဟောလ် များများပါသော ခံတွင်းသန့်စင်ရည် ငုံပေးပါ။ ချင်း(ဂျင်း)ကို အခွံနွှာ ခပ်ပါးပါးလှီးပြီး ဝါးစားပေးပါ။ ကြက်သွန်ဖြူထဲရှိ allicin ဓာတ်ကပိုးသတ်ဆေးသဖွယ် အစွမ်းထက်မြက်သဖြင့် ကြက်သွန်ဖြူကို ကြိတ်ထောင်း၍ ကိုက်နေ သောသွား၏ ပါးဆောင်မှာငုံထားပါ။ အာလူးလတ်လတ်ဆတ်ဆတ်ကို အခွံနွှာခပ်ပါးပါးလှီးပြီး ငုံထားပါ (သို့မဟုတ်) အာလူးကိုကြိတ်ခြေ၍ ကိုက်နေသော သွားနှင့် သွားဖုံးတို့ကို အုပ်လိမ်းပေးပါ။

သံပရာသီးကို အစိပ်ကလေးစိပ်ပြီး ကိုက်နေသောသွားမှာ ပွတ်ပေးပါ (သို့မဟုတ်) သွားတစ်ချောင်းလုံးကို သံပရာရည် လူးပေးပါ။  သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းအတွက် သခွားသီးကို ခပ်ပါးပါးလှီး၍ကိုက်ထားပါ။ သွားကိုက်၍ ပါးရောင်ကိုင်းခြင်း အတွက်ကိုလည်း သခွားသီး ပါးပါးလှီး၍ ပါးပေါ်တင်ပြီး ကပ်ပေးနိုင်ပါသည် (ရေခဲသေတ္တာထည့်ထားသည့် သခွားသီးအေးအေးက ရောင်ကိုင်းနာကျင်မှုအတွက် ပိုမိုထိရောက်စေပါသည်) သွားအခေါင်းပေါက်ထဲကို အမည်းရောင် ငရုတ်ကောင်းမှုန့်သိပ်ထဲ့ပါ၊ ဤနည်းအတွက် ဆားရောထည့်၍ သုံးနိုင်ပါသည်။ ရေနွေးတစ်ဖန်ခွက်ထဲမှာ မုန့်လုပ်ဆော်ဒါ စားပွဲတင်ဇွန်း တစ်ဇွန်းမောက်မောက်ရော၍ သမအောင်မွှေပြီးနောက်၊ အချိန်ကြာကြာငုံ၍ အာလုပ် (ပလုပ်ကျင်း)ပါ။  လက်ဖက်ခြောက်ထဲရှိ tannins  ဓာတ်များက ပိုးသေစေနိုင်သော အစွမ်းသတ္တိရှိသဖြင့် ရေနွေးကြမ်း လက်ဖက်ရည်ပူပူကို ဖန်ရည်အဖြစ် ငုံပေးပါ။  

ပူဒီနာရွက်ဝါးစားပါ။ ပူဒီနာရွက်အဆီ (သို့မဟုတ်) ပန်းပေါင်းစုံ ရာပန်းဆီ (သို့မဟုတ်) လိမ္မော်ခွံဆီ (သို့မဟုတ်) ထင်းရှူးဆီ (သို့မဟုတ်) လေးညှင်းဆီတို့ကို ဝါဂွမ်းမှာစိမ်ပြီးနောက် ကိုက်ခဲနေသော သွားကြားနှင့် သွားဖုံးများပေါ်ကို လိမ်းပေးပါ (နောက်တစ်နည်း) ရေနွေးပူပူထဲမှာ ထိုနှစ်သက်ရာ အဆီ တစ်မျိုးမျိုးကို အစက်ချထဲ့၍ ငုံပေးပါ။ ငရုတ်သီးမှုန့်ကို ရေဖြင့်ပျစ်ပျစ်ဖျော်၍ သွားပေါ်အုံထားပေးနိုင်ပါသည်။ လေးညှင်းပွင့်ထဲတွင် anti-oxidant, anti-inflammatory, anti-bacteria အစွမ်းများပါရှိနေကြသဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက လေးညှင်းပွင့်ကို သွားနှင့်ခံတွင်းရောဂါအမျိုးမျိုးတို့အတွက် အိမ်တွင်း သမားတော်အဖြစ် သုံးစွဲလာခဲ့ကြပါသည်။ လေးညှင်းပွင့်ကို ကိုက်ဝါးခြင်း၊ ငုံခြင်း၊ လေးညှင်းပွင့်ဆီကို ရေနွေးဖြင့်ရော၍ အာလုပ်(ပလုပ်) ကျင်းပေးပါ။ ငှက်ပျောရွက် ဝါး၍ ခံတွင်းထဲမှာ ငုံထားပါ။ သွားကိုက်ခြင်း၏ နောက်ဆက်တွဲဝေဒနာများအဖြစ် ဖျားနာခြင်း၊ မေးရိုး ရောင်ခြင်း၊ သွားဖုံးမှသွေးယိုစီးခြင်းစသည့် ဝေဒနာများ ကို ခံစားရနိုင်ပါ၍ မပေါ့ဆသင့်ပေ။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ