နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသပ်ရပ်ရေး

ရန်ကုန်  ဒီဇင်ဘာ  ၁၈

မြန်မာနိုင်ငံ၌ ခရီးသွားစရာနေရာပေါများလှသည်။ လေ့လာလည်ပတ်စရာနေရာများ၊ အပန်းဖြေအနားယူ စရာနေရာများ ပေါများလှသည်။ ပွင့်လင်းရာသီများတွင် ပြည်ပခရီးသွားများ ဧည့်သည်များသာမက ပြည်တွင်း ခရီးသွားများလည်း ပိုမိုလည်ပတ်လာကြသည်။ လက်ရှိတွင် ကိုဗစ် -၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ကိုးလခန့်ရပ်ဆိုင်းနေပြီး တချို့မှာအပြီးပိတ်သိမ်းသည်အထိရှိနေသည်။ နိုင်ငံတကာခရီးသွားများ မမျှော်လင့်နိုင် သော်လည်း ပြည်တွင်းခရီးသွားများနှင့်ခရီးသွားလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စံသတ်မှတ်ချက်များ နှင့်ဆောင်ရွက်သွားရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ရပ်ဆိုင်းနေသည့် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး အပျော်စီးလေယာဉ်ခရီးစဉ် ၊ မြစ်တွင်းသင်္ဘောခရီးစဉ်၊ ကုန်တွင်းယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားလုပ်ငန်းကိုဆောင်ရွက်သွားရန် ခွင့်ပြုထားသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်းက ဒီဇင်ဘာ ၂၀ ရက်တွင် စတင်မည်ဖြစ် သည်။ အပျော်စီးလေယာဉ်ခရီးစဉ်ကို ရန်ကုန်၊ ကျိုက်ထီးရိုး၊ ဘားအံ၊ ရန်ကုန်သို့အနိမ့်ပျံသန်းမှုများဖြင့် ကျိုက်ထီးရိုးဘုရားကို ဖူးမြော်ပြီး ဘားအံမြို့၏ပတ်ဝန်းကျင်ရှုခင်းအလှများကို ဝေဟင်မှကြည့်ရှုနိုင်မည်ဖြစ် သည်။

ခရီးသွားများအတွက် ရှေးဟောင်းဗိသုကာအဆောက်အအုံများနှင့်သာယာလှပသော မြန်မာ့ရှုခင်းများကို လေ့လာကြမည်ဖြစ်သည်။ ရန်ကုန်မြို့တော်ကြီးတွင် ရှေးဟောင်းယဉ်ကျေးမှုလက်ရာ အဆောက်အအုံများ သန့်ရှင်းသပ်ရပ်နေရေးနှင့် သစ်လွင်တောက်ပရေးအတွက် လိုအပ်ပေသည်။ ရန်ကုန်မြို့တော်အတွင်း လမ်းများသန့်ရှင်းသပ်ရပ်ပြီး အမှိုက်များစနစ်တကျ စွန့်ပစ်ရေးအတွက် အမှိုက်ပုံးများတိုးချဲ့ချထားပေးခြင်း၊ မြို့နယ်အသီးသီးမှ နေစဉ်ထွက်ရှိသော အမှိုက်တန်ချိန် ၂၅၀၀ ခန့်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက သိမ်းဆည်းပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော စွန့်ပစ်ပစ္စည်းတစ်ရက်လျှင် တန် ၃၀ မှာ၅၀ အထိ သိမ်းဆည်းလျက်ရှိသည်။ အမှိုက်ပုံး အမှိုက်ကန်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသုံးပြုပြီးသော နှာခေါင်းစည်းများ၊ မျက်နှာကာများကို စနစ်တကျ ထုပ်ပိုးစွန့်ပစ်မှု အားနည်းလျက်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည်  ရန်ကုန်မြို့တော် သန့်ရှင်းသပ်ရပ်လှပစေရန် အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းကာ ကျန်းမာရေးကို အထောက်အကူပြုမည်ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ကြည်လင်လန်းဆန်းစွာနေထိုင်ရသော ပတ်ဝန်းကျင်ကို ရရှိရန် မိမိတို့သည်အမှိုက်ကို စနစ်တကျစွန့်ပစ်သည့်အကျင့်ကို ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည် ဆိုချင်ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ