နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Snapdragon 662 အသုံးပြုထားသည့် Nokia 5.4 ကိုကြေညာ

ဒီဇင်ဘာ ၁၇

Nokia က စမတ်ဖုန်းသစ်ဖြစ်သည့် Nokia 5.4 ကိုကြေညာလာခဲ့ပြီး အဆိုပါဖုန်းကို Snapdragon 662 နှင့် ပါဝါထောက်ပံ့ထားကာကျောဘက်ကင်မရာ ၄လုံးနှင့်ဘက်ထရီ 4000 mAhတို့ပါဝင်သည်။
Nokia 5.4 မှာ ၆ ဒသမ ၃၉ လက်မ IPS LCD HD+ ရုပ်ထွက်သုံးထားပြီး Punch-Hole မှာရှေ့ကင်မရာ 16MP ထည့်သွင်းထားသည်။

ကျောဘက်ကင်မရာလေးလုံးက 48MP + 5MP Ultrawide + 2MP Macro + 2MP Depth ဖြစ်ပြီးလက်ဗွေရာစနစ်ကို ကျောဘက်ကင်မရာအောက်မှာ ထည့်သွင်းထားသည်။
Snapdragon 662 SoC ၊ RAM4GB နှင့် ပါဝါထောက်ပံ့ထားပြီး 64/128GB တို့ဖြင့် ရွေးချယ်နိုင်ကာ microSDမှထပ်တိုးနိုင်မည်ဖြစ်သည်။ ဘက်ထရီ 4000 mAhပါဝင်ကာ USB Type C မှတစ်ဆင့် 10W ဖြင့် အားသွင်းနိုင် မည်ဖြစ်သည်။ Android 10 သာပါဝင်သော်လည်း Android 11 Update ရရှိထားပြီးဖြစ်သည်။
Nokia 5.4 ကိုခရမ်းရောင်၊ အပြာရောင်တို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီးဈေးနှုန်းအနေဖြင့် ယူရို ၁၈၉ သတ်မှတ်ထားကြောင်းသိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ