နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး

ရန်ကုန်  ဒီဇင်ဘာ  ၁၇

နိုင်ငံတော်အစိုးရက ဖော်ဆောင်နေသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ အားလုံးပါဝင် သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါကြောင်း နိုင်ငံတစ်ဝန်းရှိ ပြည်သူအားထံ လုံးဖွံ့ဖြိုးတိုးတက်မှုအားလုံးကို မျှမျှတတ      ပျံပျံနှံ့နှံ့အရောက်ပို့ဆောင်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ ထံ ယင်းအသီးအပွင့်များ အရောက်ဆောင်ကြဉ်းပေးနိုင်မည့်လုပ်ငန်းစဉ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးပင်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ဝန်ကြီးဌာန (၁၁) ခုမှ ကော်မတီဝင်များပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးနှင့်ဆင်းရဲမှုလျှော့ချရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ နှစ်စဉ်၊ နှစ်တိုင်း၊ နှစ်ရှည်စီမံကိန်းများရေးဆွဲခြင်း အကောင်အထည်ဖော်မှုအား ကြီးကြပ်ခြင်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကြီးကြပ်ကော်မတီများနှင့်ပေါင်းစပ်ညှိနှိုင်းခြင်း အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိရန် အရင်းမပျောက်မတည်ရန်ပုံငွေထူထောင်ပေးခြင်း၊ လိုအပ်သည့်ကော်မတီများဖွဲ့စည်း ၍ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်းနှင့်ကြီးကြပ်ကွပ်ကဲခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များပြည့်စုံပါဝင်လျက် စုပေါင်းအားဖြင့် တာဝန်ယူလုပ် ဆောင်မည်ဖြစ်သည်။

 ယင်းကဲ့သို့ ဖြည့်ဆည်းပေးရာတွင် လျှပ်စစ်မီးရရှိရေးနှင့်သန့်ရှင်းသော သောက်သုံး‌ရေရရှိရေးသည် လိုအပ်လျက်ရှိပေသည်။ ကျွန်ုပ်တို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်လိုအပ်သော စွမ်းအင်အမျိုးမျိုးနှင့် လောင်စာများရေရှည်စဉ်ဆက်မပြတ်ရရှိရေး နည်းလမ်းများနှင့်သဘာဝဓာတ်အားထုတ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကာလတို၊ ကာလရှည်စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူပြုမည်ဖြစ်သည်။

နိုင်ငံလူဦးရေ၊ မြို့ပြအသုံးအဆောင်နှင့်စက်မှုလုပ်ငန်းများ တစ်နေ့တခြား တိုးပွားလျက်ရှိသည်။ တိုးပွား လာသည့်အနေအထားကို ဖြည့်စွမ်းရာ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများသည် သဘာဝပတ်ဝန်းကျင်  မထိခိုက်စေရေး ရေရှည်စဉ်းစားရမည့်အချက်ဖြစ်သည်။ ထိုနေရာ၌ ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါလှ သည်။ လေစွမ်းအင်၊ နေစွမ်းအင်နှင့်ဇီဝနှင့်စွန့်ပစ်ပစ္စည်းလောင်စာတို့သည့် သဘာဝအလျောက်ထုတ်ယူသုံးစွဲ ၍ မကုန်သည့်စွမ်းအင်များဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းဒေသပြည်သူများ ၂၄ နာရီ မီးလင်း ပေးနိုင်ရေး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်သုံး ဘီလီယံဖြင့် လျာထားဆောင်ရွက်ရာ ဆိုလာလျှပ်စစ်၊ ဘက်ထရီနှင့်ဂျင်နရေတာတို့ကို အသုံးပြု၍ ဟိုက်ဘရစ်စနစ်ဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး ၀ ဒသမ ၅ မဂ္ဂါဝပ်ရှိမည်ဖြစ်ပြီး အိမ်ခြေသုံးရာခန့် မီးလင်းပေးနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်လည်း မထိခိုက် စွမ်းအင်လည်းလုံလောက်စေမည့် ပြန်လည်    ပြည့်မြဲစွမ်းအင်များထုတ်ယူနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ