နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာရှယ်ကျွန်းသမိုင်းတွင် ပိုင်ရှင်မဲ့လှေပေါ်မှ အကြီးမားဆုံး မူးယစ်ဆေးဝါး သိမ်းဆည်းရမိ

မာဂျူရို  ဒီဇင်ဘာ ၁၇


မာရှယ်ကျွန်းရဲတပ်ဖွဲ့မှာ ကျွန်းငယ်ပေါ်တွင်သောင်တင်နေသည့် ပိုင်ရှင်မဲ့လှေပေါ်မှ နိုင်ငံသမိုင်း တစ်လျှောက် အကြီးမားဆုံးမူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါလှေမှာ လက်တင်အမေရိကဒေသမှ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းမျှောပါလာခြင်းဖြစ်ပြီး သမုဒ္ဒရာထဲတွင် လပေါင်းများစွာ ကြာမြင့်ခဲ့ဖွယ်ရှိသည်ဟု ယူဆထားသည်။ လှေပေါ်တွင် ခန့်မှန်းခြေအားဖြင့် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၈၀ ရှိသည့် ကိုကိန်းအလေးချိန် ၁၄၃၀ ပေါင် တွေ့ရှိခဲ့သည်။


ပစိဖိတ်သမုဒ္ဒရာ၏ ဝေးလံခေါင်သီသည့်ဒေသရှိ မာရှယ်ကျွန်းနိုင်ငံတွင် မူးယစ်ဆေးဝါးများ မကြာခဏ သောင်တင်လေ့ရှိသော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်က ရှာဖွေတွေ့ရှိမှုမှာ စံချိန်တင်ပမာဏဖြစ်သည်။ စမ်းသပ်မှုလုပ်ရန်အတွက် အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ထံပေးပို့ခဲ့သည့် အထုပ် နှစ်ထုပ်မှလွဲ၍ ကျန်မူးယစ်ဆေးဝါးအားလုံးကို ပြီးခဲ့သည့်အင်္ဂါနေ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ၁၈ ပေ ရှည်လျားသည့်လှေကို ဒေသခံတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။


ဒေသခံများက လှေကို ဖယ်ရှားရန်ကြိုးပမ်းခဲ့သော်လည်း အလွန်လေးလံခြင်းကြောင့် မရွှေ့နိုင်ခဲ့ပေ။ လှေပေါ်တွင်ရှာဖွေခဲ့ရာ လှေဝမ်း အတွင်း လျှို့ဝှက်ထည့်သွင်းထားသည့်မူးယစ်ဆေးဝါးအထုပ်များ တွေ့ရှိခဲ့ခြင်းဖြစ်သည်။                   


(KNT)






အခြားဆက်စပ်သတင်းများ