နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်အန္တရာယ်စိုးရိမ်ခြင်းကြောင့် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ စာသင်ကျောင်းအားလုံးကို ပိတ်ပစ်

အဘူဂျာ ဒီဇင်ဘာ ၁၇


ပြီးခဲ့သည့်ရက်သတ္တပတ်က ကက်ဆီနာပြည်နယ်တွင် ကျောင်းသားရာပေါင်းများစွာ ပြန်ပေးဆွဲခံရပြီး နောက် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အခြားပြည်နယ်များတွင်လည်း ကျောင်းအားလုံးကိုပိတ်ထားရန် ညွှန်ကြားထားသည်။ ပြီးခဲ့သည့်သောကြာနေ့က တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကက်ဆီနာပြည်နယ်ရှိ စာသင်ကျောင်းမှ ကျောင်းသား ၃၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ရာ အခြားကျောင်းများ၏ လုံခြုံရေးအတွက်ပါ စိုးရိမ်ပူပန်ခဲ့သည်။


ထို့ကြောင့် ကာနို၊ ကာဒူနာ၊ ဇမ်ဖာရာနှင့် ဂျီဂါဝါပြည်နယ်များတွင်လည်း ကျောင်းများ ပိတ်ပစ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုမှာ ယင်းတို့၏လက်ချက်ဖြစ်သည်ဟု ဘိုကိုဟာရမ် လက်နက်ကိုင်အဖွဲ့က ပြောသည်။ နိုင်ဂျီးရီးယားအစိုးရက အချိန်တိုအတွင်း လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းမရှိပါက နိုင်ငံတစ်ဝန်း သပိတ်မှောက်သွားမည်ဟု နိုင်ဂျီးရီးယားဆရာ၊ ဆရာမများ သမဂ္ဂက ခြိမ်းခြောက်ထားသည်။


သေနတ်သမားများနှင့် ပြန်ပေးဆွဲသူများက ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ပစ်မှတ်ထားလာကြသည်ဟု ဆရာ၊ ဆရာမများ သမဂ္ဂက ပြောသည်။ လွန်ခဲ့သည့်ခြောက်နှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ် ချီဘွတ်ခ်မြို့ စာသင်ကျောင်းဝင်ရောက်စီးနင်းခံရပြီး ပြန်ပေးဆွဲ ခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကျောင်းသူ ဒါဇင်ပေါင်းများစွာမှာလည်း ပျောက်ဆုံးနေဆဲဖြစ်သည်။           


(KNT)






အခြားဆက်စပ်သတင်းများ