ဘေဂျင်း ဒီဇင်ဘာ ၁၇
တရုတ်နိုင်ငံ၏ ချန်ဂီ-၅ လွန်းပျံယာဉ်မှာ လကမ္ဘာပေါ်မှ သယ်ယူလာသည့် ကျောက်သားများနှင့် မြေသားနမူနာများကို ကမ္ဘာပေါ်သို့ အောင်မြင်စွာပို့ဆောင်နိုင်ခဲ့သည်။ ကျောက်သားနှင့် မြေသားနမူနာများ သယ်ဆောင်လာသည့် လွန်းပျံယာဉ်မှာ ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်က မွန်ဂိုလီးယားအတွင်းပိုင်းဒေသသို့ ဆင်းသက်ခဲ့သည်။
အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့၏ လကမ္ဘာခရီးစဉ်များတွင် နမူနာများ ပြန်လည်သယ်ဆောင် လာနိုင်ခဲ့ပြီးနောက် နှစ် ၄၀ ကျော်အကြာတွင် တရုတ်နိုင်ငံက ယခုကဲ့သို့ လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ နမူနာသစ် များမှာ လကမ္ဘာ၏ ဘူမိဗေဒနှင့် အစောပိုင်းကာလအကြောင်း သိရှိနိုင်စေမည်ဖြစ်သည်။ ချန်ဂီ-၅ လကမ္ဘာ ခရီးစဉ်ပြီးမြောက်အောင်မြင်ခဲ့ခြင်းမှာ အာကာသအတွင်း တရုတ်နိုင်ငံ၏ လှုပ်ရှားနိုင်စွမ်းမြင့်တက်လာခြင်းကို ဖော်ပြမှုတစ်ရပ်ဖြစ်သည်။
ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆိုက်ရောက်လာသည့် လွန်းပျံယာဉ်ကို အနီအောက် ကင်မရာများအသုံးပြုသည့် ရဟတ်ယာဉ်များကစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လွန်းပျံယာဉ်သယ်ယူရေးအဖွဲ့များ လည်း လျင်မြန်စွာရောက်ရှိလာခဲ့ကြသည်။
(KNT)