နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသောနေရာများကို စွမ်းဆောင်စေချင်

ရန်ကုန်  ဒီဇင်ဘာ  ၁၆

သန့်ရှင်းသောနေရာတိုင်းသည် လူတို့အတွက် ရောဂါဘယကင်းဝေစေနိုင်သည်။ သန့်ရှင်းသောနေရာ သည် လူတိုင်းစိတ်ချမ်းသာ ကိုယ်ကျန်းမာစေရေးအတွက် အရေးကြီးပေ၏။ အမှန်အားဖြင့် သန့်ရှင်းသော နေရာများကို လူတိုင်းစိတ်ချမ်းသာ ကိုယ်ကျန်းမာစေရေးအတွက် အရေးကြီးပေ၏၊ သန့်ရှင်းသောနေရာများကို လူတိုင်းနှစ်သက်၏။ ညစ်ညမ်းသောနေရာများကိုကားမနေလိုကြ။ လူတို့၏ ဓမ္မတာသဘောပင်ဖြစ်စေ၏။ ယင်းသို့ဆိုလျှင် မိမိနေရာ၊ မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားရပေမည်။ မိမိနေရာမိမိပတ်ဝန်းကျင်တွင် အမှိုက်များကင်းစင်အောင်ထားရပေမည်။ အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ရန် လိုအပ်ပေသည်။

အမှိုက်သရိုက်များနှင့်နေချင်စဖွယ်အလျဉ်းမရှိသော ညစ်ညမ်းသည့်နေရာသည် လူတို့အတွက် ရောဂါဘယအမျိုးမျိုးဖြစ်စေနိုင်၏။  ဆိုးသွမ်းသောစိတ်ညစ်စိတ်နွမ်းများကိုသာဖြစ်စေ၏။  ကိုယ်စိတ်နှလုံး ရွှင်ပြုံးချမ်းသာခြင်းကိုလည်း လုံးဝမပေးစွမ်းနိုင်ချေ။
 ကျွနိုပ်တို့သည်ငယ်စဉ်တောင်ကျေးကလေးဘဝမှ မိဘများ၏သွန်းသင်ဆုံးမမှုဖြင့် သန့်ရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးစေခဲ့၏။ လိုက်နာစေခဲ့၏။

ထိုမှတစ်ဖန်ပညာသင်ကြားရာကျောင်းနှင့်ရပ်ရွာအကျိုး စုပေါင်းဆောင်ရွက်ရာတွင်လည်း စည်းကမ်းကျနသန့်ရှင်းသပ်ရပ်အောင်ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ခဲ့၏။ အများသူငါ ပူးပေါင်းနေထိုင်ကြသော စီးပွားရေးလုပ်ငန်းခွင်၊ ပညာသင်လုပ်ငန်းများနှင့်ဝန်ဆောင်ဘဝများကို ဖြတ်သန်းရာတွင်လည်း ကိုယ်စီတာဝန်နှင့်သန့်ရှင်းသပ်ရပ်မှုများဖြင့် စွမ်းဆောင်နေကြပေသည်။
 ယနေ့ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သည် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး၊ အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး ဗဟိုကော်မတီမှ ပြည်သူများ၊ လူမှုစီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ဖြေလျှော့မှုများကို တစ်ဆင့်ပြီးတစ်ဆင့်ပြုလုပ်ပေးလျက်ရှိကြောင်း ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၌ အထူးသဖြင့် ဈေးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ် ၁၉ ကာကွယ်ရေး စည်းကမ်းမလိုက်နာသူများအား အသိပေးခြင်း၊ သတိပေးခြင်းများဆောင်ရွက်ရန်လိုအပ်ပေသည်။        Mask           တပ်ဆင်ခြင်း၊ ဆပ်ပြာနှင့်လက်ဆေး ခြင်း၊ လူစုလူဝေးများကို ရှောင်ကြဉ်ရန်လိုအပ်သည်။ အသုံးပြုပြီးသော အကာအကွယ်ပစ္စည်းများကို စနစ် တကျထုပ်ပိုး၍ သတ်မှတ်အမှိုက်ပုံး၊ အမှိုက်ကန်များတွင် စွန့်ပစ်ရန်လိုအပ်သည်။ သို့ဖြစ်ရာ မိမိနေရာ၊ မိမိ ပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေသည့် သန့်ရှင်းသောနေရာများကို ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင် ဆောင်ရွက်စေချင်ကြောင်း။                   ။






အခြားဆက်စပ်သတင်းများ