နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Realme Watch S Pro တွင် AMOLED Touchscreen ပါဝင်လာမည်

ဒီဇင်ဘာ ၁၅


Realmeကပြီးခဲ့သည့်လက Watch S ကိုကြေညာခဲ့ပြီးမကြာမီကာလအတွင်းမှာ Pro ဗားရှင်းကိုကြေညာလာတော့ မည်ဖြစ်သည်။

မကြာသေးမီတုန်းကRealmeကRealme Watch S Pro ၏ Live ဓာတ်ပုံကိုပရိသတ်များကိုအတည် ပြုခဲ့ပြီးယခုအခါတွင် Realme က Realme Watch S Pro မှာ AMOLED Touchscreen အသုံးပြုလာမည်ဖြစ်ကြောင်း အတည်ပြုလာသည်။ထို့အပြင် အခြားစမတ်နာရီအများစုကဲ့သို့နှလုံးခုန်နှုန်းတိုင်း ဆင်ဆာပါဝင်လာမည် ဖြစ်သည်။

Realme Watch S Pro မှာစက်ဝိုင်းဒီဇိုင်းရုပ်ထွက်သုံးလာပြီးခလုတ်များပါဝင်ပြီးRealme Watch S ထက် ပိုကောင်းလာအောင် လုပ်ဆောင်လာမည်ဖြစ်သည်။

Realme Watch S က ၁ ဒသမ ၃ လက်မ LCD နှင့် ဘက်ထရီ 390 mAhပါဝင်ပြီး SpO2 ဆင်ဆာ၊ နှလုံး ခုန်နှုန်းတိုင်း ဆင်ဆာ၊ IP68 Rating တို့ ပါဝင်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ