နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်ပြည့်ဝရေး အားထုတ်ကြိုးပမ်း

ရန်ကုန်  ဒီဇင်ဘာ  ၁၅


အရွယ်ရောက်သူတိုင်းကောင်းမွန်သည့်လုပ်ငန်းခွင်သို့ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေး ရန် လိုအပ်ပေသည်။ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏လူနေမှုအဆင့် အတန်းမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့်ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း စဉ်များကို အထောက်အကူပြုမည်ဖြစ်ပေသည်။ အာဆီယံလုပ်သားဈေးကွက်တွင် လူငယ်၊ လူရွယ်များကို နည်းပညာနှင့်အသက်မွေးဝမ်းကျောင်းပညာ မြှင့်တင်နိုင်မှသာ ကျွမ်းကျင်လုပ်သားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်မည်ဖြစ်ပေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို ပြည်တွင်း ပြည်ပ၌ အလုပ်အကိုင်များ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

 သက်ဆိုင်ရာဌာနများက အလုပ်အကိုင်အခွင့်အလမ်း၊ အလုပ်သမားဈေးကွက်ဖွံ့ဖြိုးတိုးတက်လာရေး နှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ် ဆိုင်ရာ သင်တန်းများကို ပုဂ္ဂလိကနှင့်ဌာနဆိုင်ရာများကပါ ပိုမိုပါဝင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်းအမြစ်အတတ်ပညာ၊ ဓနအင်အား သဘာဝသယံဇာတတို့ဖြစ်ပေသည်။ မိမိဘဝဖွံ့ဖြိုးရေးအတွက် အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူလိုက်နာပြီး ကြိုးစားအားထုတ် ကာ အလုပ်လုပ်ကြရမည်ဖြစ်သည်။

 နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူတစ်ဦးချင်းဝင်ငွေတိုးပွား‌စေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့်ပြည်တွင်း အလုပ်အကိုင်များရှာဖွေပေးခြင်းတို့အား အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ       စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များ အတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများ တွင်  Online  မှ  ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလအတွင်း ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ကိုရီးယားသမ္မတနိုင်ငံသို့ ၃၀ ဦး၊ ဂျပန်နိုင်ငံသို့ ၁၁၃၈ ဦး စုစုပေါင်း ၁၁၆၈ ဦးနှင့် ပြည်တွင်းအလုပ်နေရာ ၉၈၇၄ ဦးအား ခန့်ထားနိုင် ခဲ့သည်။

ယနေ့အချိန်တွင် သိပ္ပံနှင့်နည်းပညာများ တစ်နေ့တခြားတိုးတက်ပြောင်းလဲလျက်ရှိရာ တိုးတက်မှုကို အမီလိုက်နိုင်ရန် ယနေ့လူငယ်လူရွယ်များသည် သာမန်တတ်မြောက်သည်နှင့်ရောင့်ရဲတင်းတိမ်မနေဘဲ အစဉ် ကြိုးပမ်းအားထုတ်ရမည်ဟုဆိုချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ