နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုလသမဂ္ဂက မြန်မာကို COVID-19 စစ်ဆေးရေးပစ္စည်း ၅၀ဝ၀ဝ ပေးအပ်မည်

မြန်မာနိုင်ငံရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)အတွက် COVID-19 ရောဂါစမ်းသပ် စစ်ဆေးရေးပစ္စည်း(Testing Kits)အခုပေါင်း ၅၀ဝ၀ဝ ကို ထပ်မံပေးအပ်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးမှ ထုတ်ပြန်လိုက်သည်။ ကုလသမဂ္ဂအနေဖြင့် ယခုပေးအပ်မည့် စမ်းသပ်စစ်ဆေးရေးပစ္စည်းများကို UNOPS, UNICEF, WFP, UNHCR တို့နှင့်အတူ ပူးပေါင်းထောက်ပံ့ပေးခြင်းဖြစ်ပြီး ယခင်ကလည်း WHO နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ စမ်းသပ်စစ်ဆေးရေးပစ္စည်း အခု ၃၀ဝ၀ ကို ထောက်ပံ့ထားသည်။ "ကုလသမဂ္ဂအနေနဲ့ အစိုးရရဲ့ ရောဂါစစ်ဆေးရေးတိုးမြှင့်ဆောင်ရွက်ဖို့အတွက် ကျိုးစားအားထုတ်မှုတွေ ကို ဆက်လက်ထောက်ပံ့ပေးဖို့ ခိုင်ခိုင်မာမာရပ်တည်လျက်ရှိပါတယ်"ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ ဌာနေကိုယ်စားလှယ် Ola Almgren က ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ပေးအပ်မည့် စမ်းသပ်စစ်ဆေးရေးပစ္စည်း အခု ၅၀ဝ၀ဝ ဝယ်ယူခြင်းလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက် နေပြီဟု ထုတ်ပြန်ချက်က ဆိုထားသည်။ ထို့အပြင် စမ်းသပ်စစ်ဆေးရေးစ္စည်းများ ထပ်လောင်းဝယ်ယူပေးရန်နှင့် ရောဂါစစ်ဆေးရေးအတွက် လိုအပ်သော အစီအစဉ်ရေးဆွဲခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးမှုများကို စိစစ်ခြင်းနှင့်ပက်သက်၍ အထောက်အပံ့ပေးသွားရန် အဆင်သင့်ရှိနေသည်ဟုလည်း Mr. Almgren က ပြောသည်။ ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်တစ်ကွ အခြားသောအစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး ရောဂါပျံ့နှံ့မှုကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင်လိုအပ် မည့်ကဏ္ဍများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ . ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ