နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Realme Buds Q2 တွင် Buds Q ကဲ့သို့ ဒီဇိုင်းနှင့် ဘက်ထရီအသုံးပြုလာမည်

ဒီဇင်ဘာ ၁၄

Realme က Buds Q အပြင် Buds Air စီးရီးတို့ကိုလည်းရောင်းချကာ ကြိုးမဲ့နားကြပ် ဈေးကွက်ထဲသို့ ဝင်ရောက် ထားသည်မှာကြာမြင့်ပြီဖြစ်သည်။

ပထမမျိုးဆက် Realme Buds Q မှာနားကြပ်တစ်ဖက်စီမှာဘက်ထရီ 40 mAhစီပါဝင်သည်။Realmeက နောက်ထပ်မျိုးဆက်သစ် Buds Q2 ကိုထုတ်လုပ်ရန်အဆင်သင့်နီးပါးဖြစ်နေပြီဖြစ်ပြီးယခုအခါတွင် Realme Buds Q2 ကို FCC မှာထောက်ခံချက် ရယူလာပြီဖြစ်သည်။ FCC တွင်ဖော်ပြထားမှုအရRealme Buds Q2 မှာ Buds Q ကဲ့သို့ နားကြပ်တစ်ဖက်စီမှာဘက်ထရီ 40 mAhစီပါဝင်လာမည်ဖြစ်သည်။Realme Buds Q2 ၏ မော်ဒယ်နံပါတ်က RMA2008 ဖြစ်သည်။

Realme Buds Q2 ကလည်း Buds Q ကဲ့သို့စက်ဝိုင်းဒီဇိုင်းမျိုးသုံးလာမည်ဖြစ်ပြီးCase မှာဘက်ထရီပိုများလာရန်ရှိ နေသလိုအသံပိုင်းလည်းပိုကောင်းလာနိုင်သည်။ထို့အပြင် USB Type C လည်းသုံးလာရန်ရှိကြောင်းသိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ