နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးများက အမျိုးသားများထက် စိတ်ဖိစီးမှု ပိုခံစားရနိုင်

ဒီဇင်ဘာ ၁၄

သူသူကိုယ်ကိုယ် လူသားအားလုံးတွင် အနည်း၊ အများ ဆိုသလို စိတ်ဖိစီးမှုကိုယ်စီ ရှိတတ်ကြသည်။ လေ့လာ ဆန်းစစ်ချက်များအရ၊ ကိုယ်၀န်ဆောင်မိခင်၏ စိတ်ခံစားမှု ပေါ်မူတည်၍ အမိ၀မ်းတွင်းသန္ဓေတည်စဉ် သန္ဓေသား ဘ၀မှာကတည်းကပင် စိတ်ဖိစီးမှု ခံစားခဲ့ရဖူးကြောင်း မှတ်တမ်းများမှာ ဖော်ပြထားသည်။ နိုင်ငံတကာ စိတ်ပညာ ရှင်များ၏ လတ်တလော လေ့လာမှုများအရ၊ ကမ္ဘာ့နိုင်ငံ ပေါင်း (၁၄၂) နိုင်ငံရှိ အမျိုးသမီးဦးရေ ၁၅၀,၀၀၀ ထက်မနည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှု တွေခံစားနေကြရပြီး၊ ၄င်းအမျိုးသမီးများသည် ကိုယ်လက်လှုပ်ရှား အားကစား ကျန်းမာရေးအသိလည်း လွန်စွာညံ့ဖျင်းကြကြောင်း Northwestern University Feinberg School of Medicine မှ ပရော်ဖက်ဆာ Nancy Molitor က ပြောသည်။

ထို့ပြင် တက္ကဆက်ပြည် နယ် အော်စတင်မြို့ရှိ စိတ်ပညာတက္ကသိုလ်မှ သုတေသီ များ၏ လေ့လာတွေ့ရှိချက်များအရ၊ လုပ်ငန်းခွင်တွင် အလုပ်ခန့်အပ်ခြင်း၊ ဖြုတ်ခြင်း၊ လစာ အတိုးအလျော့ ကဲ့သို့သော လုပ်ပိုင်ခွင့် အာဏာရှိသော အမျိုးသမီးများ သည် အခွင့်အာဏာမရှိသော အမျိုးသမီးများထက် စိတ်ဖိစီးမှုပို၍များကြောင်း၊ အမျိုးသားများ နှင့် အမျိုးသမီးတို့ကို နှိုင်းယှဉ်ကြည့်ရာတွင်လည်း လုပ်ငန်းခွင် လုပ်ပိုင်ခွင့် အာဏာရှိသော အမျိုးသားများသည် အလားတူလုပ်ပိုင်ခွင့်ရှိသော အမျိုးသမီးများထက် စိတ်ဖိစီးမှု လျော့နည်းသည်ကို လေ့လာတွေ့ရှိရကြောင်း၊ အကြောင်းမှာ အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ စိုးရိမ်ပူပန်စိတ်ရှိခြင်း၊ သနားငဲ့ညှာတတ်ခြင်း၊ စွဲလမ်း စိတ်ကြောင့် အပြုသဘောမဆောင်နိုင်ခြင်း စသည့် စိတ်ခံစားမှုများက မိမိကိုယ်ကို ဘေးထွက်ဆိုးကျိုးများ အဖြစ် စိတ်ပိုင်းဆိုင်ရာပြဿနာများကို ခံစားလာကြရသည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူသားအားလုံး အိပ်ရေး၀၀ အိပ်စက်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ စားသောက်နေထိုင်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ အရာရာကို အကောင်း မြင်စိတ်ဖြင့် ကြည့်ရှုခြင်း၊ မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်း၊ တရားမှတ်ခြင်း၊ ယောဂကျင့်ခြင်း၊ ပေါင်းသင်း ဆက်ဆံရေး  ကောင်းမွန်ခြင်း တို့ဖြင့် စိတ်ဖိစီးမှုကို အထိုက်အလျောက် ဖြေလျော့နိုင်ပါသည်။ အကယ်၍ စိတ်ဖိစီးမှုတွေ လျော့မချ နိုင်ခဲ့ပါက ရေရှည်မှာ အ၀လွန် ရောဂါ၊ စိတ်ကျရောဂါ၊ နာတာရှည် အိပ်မပျော်ရောဂါ နှင့်နှလုံးရောဂါများ ဖြစ်လာရန် ရာခိုင်နှုန်းပြည့် သေချာနေ ပါသည်။ တချို့ဆို မိမိကိုယ်ကိုအဆုံးစီရင်သည်ထိ ပြုကြ သည်။ လူအများစုကမူ မိမိကိုယ်ကို စိတ်ဖိစီးမှုခံစားနေရကြောင်း သတိမထားမိကြပေ။ သို့ပါ၍ လုပ်ငန်းခွင်၀င် ကြသော အမျိုးသမီးများအနေဖြင့် စိတ်ဖိစီး မှုများကို ကျန်းမာသုတ အသိ၊ သတိဖြင့် ဖြေလျော့နိုင်မှသာ ကိုယ်စိတ်နှစ်ပါး ချမ်းသာနိုင်ပါမည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ