နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရီဇစ်အလွန် ကုန်သွယ်ရေးဆွေးနွေးမှုများဆက်လုပ်ရန် ဗြိတိန်နှင့် ဥရောပသမဂ္ဂ သဘောတူ

လန်ဒန်   ဒီဇင်ဘာ ၁၄


ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက်ပိုင်းက ခေါင်းဆောင်များကြား ဖုန်းဖြင့်ဆွေးနွေးခဲ့ပြီးနောက် ဘရီဇစ် (Brexit) အလွန် ကုန်သွယ်ရေးဆွေးနွေးမှုများဆက်လုပ်ရန် ဗြိတိန်နှင့် ဥရောပသမဂ္ဂကြား သဘောတူညီမှု ရရှိခဲ့သည်။ '' ဒီအဆင့်မှာ ရှေ့ဆက်သွားဖို့ လုပ်ရမှာပါ'' ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဗန်ဒါလီယန်တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဖုန်းဆက်ဆွေးနွေးမှုတွင် ယင်းတို့နှစ်ဦးက မဖြေရှင်းနိုင်သေးသည့် အဓိကကိစ္စများကို ဆွေးနွေးခဲ့သည်။ ဗြိတိန်နိုင်ငံမှာ ယခုလကုန်တွင် ဥရောပသမဂ္ဂ၏ စည်းမျဉ်းများမှ နုတ်ထွက်မည်ဖြစ်သည်။


ကုန်သွယ်ရေး ဆွေးနွေးမှုများကို မည်မျှကြာကြာ ဆက်လက်ဆွေးနွေးမည်ဟု တိတိကျကျ မသိရသေးပေ။ သို့သော် ဒီဇင်ဘာလ ၃၁ ရက်မှာ နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပြီး ကြားကာလတွင် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ပါက ဗြိတိန်နှင့် ဥရောပလွှတ်တော်များကို မဲခွဲဆုံးဖြတ်ရန် အချိန်ပေးရမည်ဖြစ်သည်။          


(KNT)






အခြားဆက်စပ်သတင်းများ