နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယားနိုင်ငံ အလယ်တန်းကျောင်းကို သေနတ်သမားများ ဝင်ရောက်တိုက်ခိုတ်၍ ကျောင်းသားရာချီ ပျောက်ဆုံးနေ

အဘူဂျာ   ဒီဇင်ဘာ    ၁၃


နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အလယ်တန်းကျောင်းကို သေနတ်သမားများက စီးနင်း တိုက်ခိုက်ခဲ့ရာ ကျောင်းသားရာပေါင်းများစွာ ပျောက်ဆုံးလျက်ရှိသည်။ ပြီးခဲ့သည့်သောကြာနေ့ ညပိုင်းက ကက်ဆီနာပြည်နယ်ရှိ ကျောင်းသား ၈၀၀ ကျော် ပညာသင်ကြားနေသည့် အစိုးရသိပ္ပံအလယ်တန်းကျောင်းကို သေနတ်သမားများက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ 

ဆိုင်ကယ်များဖြင့် ရောက်ရှိလာသည့် သေနတ်သမားများက မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ရာ လူများ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။ ကျောင်းသား ၂၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး နိုင်ဂျီးရီးယားကြည်းတပ်နှင့် လေတပ်က  ပျောက်ဆုံးနေသည့် ကျောင်းသားများကို ပူးပေါင်းရှာဖွေလျက်ရှိသည်။ 

ည ၁၁ နာရီဝန်းကျင်က စတင်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုမှာ အချိန်တစ်နာရီ ကြာမြင့်ခဲ့သည်ဟု ကျောင်းအိပ်၊ ကျောင်းစား ယောကျ်ားလေးကျောင်းအနီးတွင် နေထိုင်သူများက ပြောသည်။ ရဲများရောက်မလာမီ ကျောင်း၏ လုံခြုံရေးအစောင့်အကြပ်များက သေနတ်သမားအချို့ကို တွန်းလှန်တိုက်ခိုက်ခဲ့သည်ဟု အရာရှိများက ပြောသည်။ 

ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ချိန်တွင် သေနတ်သမားအချို့ ဆုတ်ခွာထွက်ပြေးခဲ့သည်ဟု ရဲအရာရှိများက ဆိုသည်။ ကျောင်းသားအများအပြားမှာ ခြံစည်းရိုးကို ကျော်တက်ပြီး ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သော်လည်း ကျောင်းသားအချို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

(KNT)






အခြားဆက်စပ်သတင်းများ