နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့နိုင်ငံအားလုံး ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

ဂျီနီဗာ   ဒီဇင်ဘာ  ၁၃


ကမ္ဘာ့နိုင်ငံအားလုံး ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာကြရန် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။ ပါရီရာသီဥတု သဘောတူညီချက် ၅ နှစ်ပြည့် နှစ်ပတ်လည် အွန်လိုင်းဆွေးနွေးပွဲတွင် ဂူတာရက်စ်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ 

ချမ်းသာသည့်နိုင်ငံများက ကိုဗစ်-၁၉ ကပ်ရောဂါကုစားရေးအတွက် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် စွမ်းအင်ထက် တွင်းထွက်လောင်စာများအပေါ် ၅၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲနေခြင်းကြောင့် ဂူတာရက်စ်က ဝေဖန်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကုစားရေး အသုံးစရိတ်မှာ အနာဂတ်မျိုးဆက်များထံမှ ချေးယူအသုံးပြုသည့်ငွေဖြစ်သည်ဟု ဂူတာရက်စ်က မှတ်ချက်ပေးခဲ့သည်။ 

ကုလသမဂ္ဂ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့ ကြီးမှူးကျင်းပသည့် အွန်လိုင်းဆွေးနွေးပွဲတွင် ကမ္ဘာ့နိုင်ငံခေါင်းဆောင် ၇၀ ကျော် မိန့်ခွန်းပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံ ၃၈ နိုင်ငံက ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားပြီး အခြားနိုင်ငံများ၏ ခေါင်းဆောင်များကလည်း အလားတူကြေညာကြရန် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်မှသာလျှင် အရေးပေါ်ကြေညာချက်ကို အဆုံးသတ်သင့်သည်ဟု ယင်းက ဆိုသည်။


(KNT)






အခြားဆက်စပ်သတင်းများ