နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်ရိုးသစ်များအတွက် ဆရာ၊ ဆရာမများကို အွန်လိုင်းမှတစ်ဆင့် သင်တန်းပို့ချရန် စီစဉ်ဆောင်ရွက်လျက်ရှိ

အခြေခံပညာကျောင်းများ၌ လာမည့်ပညာသင်နှစ်တွင် ပြဋ္ဌာန်းမည့် သင်ရိုးသစ်များအတွက် ဆရာ၊ ဆရာမများအား သင်တန်းပို့ချခြင်းများကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။ လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade 4 ၊ Grade 7 နှင့် Grade 10 စသည့် အခြေခံပညာအတန်းများ ကို သင်ရိုးသစ်များဖြင့် ပြောင်းလဲသင်ကြားသွားမည်ဖြစ်ပြီး အဆိုပါသင်ရိုးသစ်များကို သက်ဆိုင်ရာ ဆရာ၊ ဆရာမက သင်ကြားပို့ချရာတွင် အခက်အခဲမရှိစေရန် အွန်လိုင်းမှနေ၍ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ရှေးဦးစွာ ဆရာ၊ ဆရာမများ လက်ထဲအရောက် Text Book အသစ်များနှင့် teacher Guide များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆရာ၊ ဆရာမများကိုယ်တိုင် လွယ်ကူစွာလေ့လာနိုင်စေရန် Assignment များကိုလည်း တစ်ပါတည်း ဖြန့်ဝေပေးမည်ဖြစ်ကြောင်းနှင့် ယခုအခါ Text Book အသစ်များ အား ပုံနှိပ်ရိုက်ကူးခြင်းများ၊ သင်ခန်းစာအလိုက်ရိုက်ကူးထားသော ဗီဒီယိုဖိုင်များအား တည်းဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် Grade 4 ၊ Grade 7 နှင့် Grade 10 စသည့် အခြေခံပညာအတန်းများ ၌ သင်ကြားပို့ချရမည့် အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ စုစုပေါင်း ဆရာ၊ ဆရာမဦးရေ ၅ သိန်းနီးပါးအထိရှိကြောင်း သိရသည်။ . ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ