နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုဘိုင်းလ်ဖုန်းယဉ်ကျေးမှု

ဒီဇင်ဘာ  ၁၂

မြန်မာနိုင်ငံတွင် တစ်နေ့တခြား မိုဘိုင်းလ်ဖုန်းများ တွင်ကျယ်၍လာနေသကဲ့သို့ လူမှုကွန်ရက်အသုံးပြုသူများ သန်းနှင့်ချီ၍ ရှိလာသည်။ မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှင့် လူငယ်လူရွယ်များ လူမှုကွန်ရက်တည်ဆောက် ဆက်သွယ် အသုံးချ မိမိဘဝအတွက် ထိရောက်မည့်အတတ်ပညာ၊ နည်းပညာတို့ အကျိုးရှိစွာအသုံးချကြမည်ဟု မျှော်လင့် သော်လည်း အခြားဆိုရှယ်လူမှုကွန်ရက်များတွင်သာ အချိန်ဖြုန်းလာကြသည်။ လူမှုကွန်ရက်များကို ကျယ်ပြန့်စွာ သုံးစွဲခြင်းသည် ပြည်သူများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။

လူမှုကွန်ရက်များသည် ပြည်သူများအတွက် ရတနာတစ်ခုဟု ဆိုနိုင်သော်လည်း လွဲမှားစွာအသုံးချမှု၊ အကျိုးမရှိသော ကိစ္စရပ်များတွင် သုံးစွဲနေမှုသည် တိုးတက်မှုကို ယုတ်လျော့စေသည်ကို သတိပြုမိသည်။ နည်းပညာများ၏ လျင်မြန်စွာပြောင်းလဲလာမှုကို အသုံးချ၍မကောင်းမြင်ဝါဒများကို သွတ်သွင်းရာတွင် တုံ့ပြန်မှု များက မြန်ဆန်လာကြပြီး သုံးစွဲသူများဘက်က ဆင်ခြင်ဉာဏ်အသိကို ထိန်းချုပ်၍ အွန်လိုင်းပဋိပက္ခဖြစ်ပေါ်မှု ကို လျော့နည်းစေမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း လူမှုကွန်ရက်များ၏ စွမ်းဆောင်မှုကြောင့် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခဲ့သည်မှာ မိုဘိုင်းလ်ဖုန်းသုံးစွဲသူကို အကျိုးကျေးဇူး များလှပေသည်။ နည်းပညာမြင့်မားလာမှုနှင့်အတူ အားသာချက်၊ အားနည်းချက်များကို ဆင်ခြင်သုံးစွဲနိုင်သည့် ပြည်သူပြည်သားတို့၏ အသိဉာဏ်များ တိုးတက်စေချင်ပါသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို ပညာပေးမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာများကို သက်ဆိုင်ရာများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ အွန်လိုင်းပေါ်မှ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်းများကို မျှဝေပေးလျက် ရှိသည်။ ဒီဂျစ်တယ်ခေတ်တွင် လူများနေထိုင်မှု ကိုဗစ်-၁၉ ကပ်ရောဂါဘေးကျရောက်ချိန်တွင် အလုပ်လုပ်ပုံစံ များ ပြောင်းလဲလာမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ နည်းပညာများကို ယခင်ကထက် ပိုအသုံးချကာ အွန်လိုင်း ပေါ်မှ စီးပွားရေးလုပ်ငန်းများကို ပိုမိုဖြန့်ကြက်လာကြသည်။

သို့ဖြစ်ရာ  လောကလူသားတစ်ယောက်အနေဖြင့် အရာရာကိုချင့်ချိန် စဉ်းစားလုပ်ကိုင်တတ်ကြ၍ ဒစ်ဂျစ်တယ်နည်းပညာများကို တိုးချဲ့အသုံးပြုပြီး အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများ ရှာဖွေလုပ်ကိုင်ခြင်း ဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး ကြိုးစားဆောင်ရွက်စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ