နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Spree တွင် Visa ကတ်ဖြင့်ငွေပေးချေပါက ပို့ဆောင်ခအခမဲ့အပြင် ကံစမ်းခွင့်များပါရရှိနိုင်

ဒီဇင်ဘာ    ၁၁


Spree တွင် Visa ကတ်ဖြင့် ငွေပေးချေပါက ပို့ဆောင်ခအခမဲ့အပြင်ကံစမ်းမဲအစီစဉ်များပါ ရရှိနိုင်မည် ဖြစ်သည်။ 

www.Spree.com.mm တွင် ကြိုက်နှစ်သက်ရာဝယ်ယူပြီး Visa ကတ်ဖြင့် ငွေပေးချေမည်ဆိုပါက ရန်ကုန် မြို့တွင်းပို့ဆောင်ခအခမဲ့အပြင် ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် မဲဖောက်ပေးမည့်ကျပ် ၂၆၃,၀၀၀ တန် Wonderhome electronic set ပါကံစမ်းခွင့်ရရှိနိုင်မည်ဖြစ်သည်။

ပရိုမိုးရှင်းကာလမှာ ဒီဇင်ဘာလ ၃၁ ရက်သာသတ်မှတ်ထားသောကြောင့် သတ်မှတ်ထားသည့်ရက် အတွင်း Visa ကတ်ဖြင့် www.Spree.com.mmတွင် ဝယ်ယူနိုင်ပြီဖြစ်သည်။ Visa ကတ်မရှိသေးသူများလည်းနီးစပ်ရာဘဏ်တွင်သွားရောက်လျှောက်ထားနိုင်ပြီဖြစ်သည်။

အဆိုပါ ကံစမ်းမဲတွင်ပါဝင်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များကိုအောက်တွင် ဖော်ပြပေးထားသည်။ 

• ယခုအခွင့်အရေးသည် www.Spree.com.mm တွင်ပရိုမိုကုတ် "VISADEC" အသုံးပြုပြီး Visa ကတ်ဖြင့် ငွေပေးချေမှုအတွက်သာဖြစ်သည်။

• ရန်ကုန်မြို့တွင်းအတွက်သာပို့ဆောင်ခအခမဲ့ဖြစ်သည်။

•  အခြားပရိုမိုးရှင်းများ၊လျှော့ဈေးများဖြင့်တွဲဖက်အသုံးပြုခွင့်မရှိပေ။

• အဆိုပါကံစမ်းခွင့်သည်ဒီဇင်ဘာ ၃၁ ရက်နေ့အထိသာ ဖြစ်သည်။                                         (HWY)






အခြားဆက်စပ်သတင်းများ