နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နို့နှင့် နို့ထွက်ပစ္စည်းတိုးမြှင့်ထုတ်လုပ်

ရန်ကုန်၊ ဒီဇင်ဘာ  ၁၁


မျက်မှောက်ခေတ်ကာလ၌ လူမူဘဝဝန်းကျင်ရှိ အချို့ငယ်ရွယ်သူတို့ကိုကြည့်လျှင် ကိုယ်ခန္ဓာသေးကွေးပါးလျ နေသည်ကို တွေ့ရမည်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ထွားရေးအတွက် ငယ်ရွယ်စဉ်ဘဝမှာပင် မိမိကိုယ်ခန္ဓာဖွံ့ဖြိုးရေးကို အလေးဂရုပြုကြရမည်ဖြစ်သည်။ ယနေ့အခြေအနေတွင် လူငယ်လူရွယ်များ အခြားအပိုချိန်များတွင် ကုန်လွန် လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးကို ဂရုမစိုက်နိုင်ကြသည်ကို တွေ့မြင်နေရသည်။ အာဟာရဓာတ်မပြည့်ဝသဖြင့် မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုရာခိုင်နှုန်းများနေသည်။ မြန်မာနိုင်ငံသားတို့မှာ မိမိတို့ ဝမ်းဝလျှင် ပြီးရော သဘောမျိုးဖြင့် အာဟာရရှိရှိ၊ မရှိရှိ မည်သည့်ဆန်အမျိုးအစားကိုမဆို စားသုံးတတ်ကြသည်။ လိုအပ်နေသော အာဟာရဓာတ်များမှာ သံဓာတ်၊ ဗီတာမင်ဓာတ်နှင့် ဇင့်ဓာတ်တို့ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် နွားမွေးမြူရေး လုပ်ငန်းသည် ကျေးလက်ဒေသတွင် အဓိကအကျဆုံးနှင့် အရင်းအနှီးအများဆုံးလုပ်ငန်းပင် ဖြစ်သည်။ 

ကျေးလက်ဒေသနေတောင်သူလယ်သမားအများစုသည် နွားမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာပါက လယ်သမားတို့၏ လူမှုစီးပွားဘဝမြင့်မားလာမည်ဖြစ်သည်။ နွားမွေးမြူသူ များအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မေထုန်မဲ့သားစပ်ခြင်းအဖြစ် မျိုးရည်ချောင်းများကို ဖြန့်ဖြူး ပေးလျက်ရှိသည်။ နို့စားနွားများသည် သတ်မှတ်ကိုယ်အလေးချိန်၊ အရွယ်ရောက်ပါက မေထုန်မဲ့နည်းဖြင့် သားတင်ကြရသည်။ အရွယ်ရောက်နွားမများသည် ပထမတစ်သား၊ ဒုတိယတစ်သားနှင့် တတိယသားတို့တွင် နွားနို့ထွက်အားကောင်းမွန်ကြသည်။ 

နွားနို့ကို နေ့စဉ်သောက်သုံးခြင်းဖြင့် သန်မားထွားကျိုင်းဉာဏ်ရည်ဖွံ့ဖြိုးသော လူငယ်လူရွယ်များအဖြစ် ရောက်ရှိစေမည်ဖြစ်သည်။ အရိုးအဆစ်များ သန်မာစေသည်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသည်။ နွားနို့တွင် သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နှင့် အင်ဇိုင်းဓာတ်များ ပါဝင်သကဲ့သို့ အမိုင်နိုအက်စ်ဓာတ် ၁၈ မျိုးပါဝင်သည်။ နွားနို့တွင် အလှအပနှင့် ကျန်းမာရေးကိုအထောက်အကူပြုလျက် ရှိသည်။ သို့ဖြစ်ရာ အနာဂတ်တွင် ကိုယ်ခန္ဓာကြံ့ခိုင်သော လူမျိုးဖြစ်ရေး၊ အာဟာရဓာတ်ပြည့်ဝသော နွားနို့သောက်သုံးခြင်း အလေ့အကျင့်ဖြစ်ရေး၊ အာဟာရမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုစေချင် ကြောင်း။          ။






အခြားဆက်စပ်သတင်းများ