နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် သေဒဏ်ကျအကျဉ်းသား ဘရန်ဒန်ဘားနက်ဒ်ကို ကွပ်မျက်

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀


သက်ညှာခွင့်ပေးရန် နောက်ဆုံးအကြိမ် အယူခံတင်သွင်းမှုကို အမေရိကန်အထက်တရားရုံးချုပ်က ပယ်ချခဲ့ပြီးနောက် သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား ဘရန်ဒန်ဘားနက်ဒ်ကို အင်ဒီယားနားပြည်နယ်တွင် ကွပ်မျက်ခဲ့သည်။ ဘရန်ဒန်ဘားနက်ဒ်မှာ ၁၉၉၉ ခုနှစ်က ဆယ်ကျော်သက်အရွယ်တွင် လူသတ်မှုဖြင့် စီရင်ချက် ချမှတ်ခံခဲ့ရသည်။


အသက် ၄၀ အရွယ်ရှိသည့် ဘရန်ဒန်ဘားနက်ဒ်မှာ နှစ် ၇၀ နီးပါးအတွင်း ပြည်ထောင်စုအစိုးရ၏ ကွပ်မျက်ခံရသူများတွင် အသက်အငယ်ဆုံးဖြစ်သည်။
ဘရန်ဒန်ဘားနက်ဒ်မှာ ပြီးခဲ့သည့်ကြာသပတေးနေ့က ဆေးထိုးကွပ်မျက်မခံရမီ ယင်းသတ်ခဲ့သည့် ဇနီးမောင်နှံ၏ ကျန်ရစ်သူမိသားစုကို ဝမ်းနည်းကြောင်း စကားဆိုခဲ့သည်။


သမ္မတဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း မကုန်ဆုံးမီ နောက်ထပ်ကွပ်မျက်မှု ၄ ခုပြုလုပ်ရန် စီစဉ်ထား သည်။ ကွပ်မျက်မှု ၅ ခုလုံး လုပ်ဖြစ်ပါက ဒေါ်နယ်ထရမ့်မှာ ရာစုနှစ် တစ်ခုကျော်ကာလအတွင်း သေဒဏ်ကျ အကျဉ်းသားအများဆုံး ကွပ်မျက်သည့် အမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်။ နောက်ထပ် ကွပ်မျက်မှု ၄ ခု လုပ်ဖြစ်ပါက ပြီးခဲ့သည့်ဇူလိုင်လနောက်ပိုင်း ပြည်ထောင်စုအစိုးရ၏ ကွပ်မျက်မှုစုစုပေါင်း ၁၃ ခု ရှိလာမည် ဖြစ်သည်။


KNT






အခြားဆက်စပ်သတင်းများ