နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျိုးဘိုင်ဒင်နှင့် ကာမာလာဟာရစ်ကို လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်း ရွေးချယ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀


၂၀၂၀ ပြည့်နှစ်၏ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဂျိုးဘိုင်ဒင်နှင့် ကာမာလာဟာရစ်တို့ကို Time မဂ္ဂဇင်းက ရွေးချယ်ခဲ့သည်။ ဂျိုးဘိုင်ဒင်နှင့် ကာမာလာဟာရစ်တို့မှာ နိုဝင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီဟု သတ်မှတ်ခံထားရသူများဖြစ်သည်။


''အမေရိကန်နိုင်ငံရဲ့ ဇာတ်လမ်းကို ပြောင်းလဲပေးနိုင်လို့၊  မျှဝေခံစားမှုရဲ့ အင်အားဟာ စိတ်ဝမ်းကွဲပြားမှုတွေရဲ့ ဒေါသထက် အင်အားပိုကြီးတယ်ဆိုတာ ပြသနိုင်ခဲ့လို့၊ ညှိုးမှိုင်နေတဲ့ ကမ္ဘာကြီးအတွက် ကုစားပေးမယ့်အမြင်ကို မျှဝေပေးလို့ ဂျိုးဘိုင်ဒင်နဲ့ ကာမာလာဟာရစ်တို့ကို ၂၀၂၀ ပြည့်နှစ်အတွက် Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်တာပါ''ဟု Time မဂ္ဂဇင်း၏ အယ်ဒီတာချုပ် အက်ဒဝပ်ဖယ်ဆင်သယ်က ရေးသားဖော်ပြသည်။


Time မဂ္ဂဇင်း၏ တစ်နှစ်တာ အထူးချွန်ဆုံး စီးပွားရေးသမားအဖြစ် Zoom app ၏ အမှုဆောင်ချုပ် အဲရစ်ယွမ်ကို ရွေးချယ်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်မှတစ်ဆင့် အလုပ်လုပ်သူများ၊ အိမ်မှတစ်ဆင့် ပညာသင်ယူသူများ မြင့်တက်လာချိန်မှာ Zoom app က လူကြိုက်အများဆုံး app တစ်ခုဖြစ်လာသည်။ Time မဂ္ဂဇင်းမှာ ၁၉၂၇ ခုနှစ်ကတည်းက တစ်နှစ်တာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။


KNT







အခြားဆက်စပ်သတင်းများ