နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျှော့ချနိုင်ရေးအတွက် သေးခံဝတ်ဆင်ကြရန် တရုတ်လေကြောင်းပျံသန်းရေးစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ အကြံပြု

ဘေဂျင်း၊ ဒီဇင်ဘာ ၁၀


ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေကို လျှော့ချနိုင်ရန်အတွက် ရေအိမ်အသုံးပြုခြင်းကို ရှောင်ကြဉ်ပြီး တစ်ခါသုံး သေးခံများကို ဝတ်ဆင်အသုံးပြုရန် တရုတ်နိုင်ငံ လေကြောင်းပျံသန်းရေး စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က လေယာဉ်အမှုထမ်းများကို အကြံပြုခဲ့သည်။  လေကြောင်းလိုင်းများအတွက် ချမှတ်ခဲ့သည့် စာမျက်နှာ ၄၉ မျက်နှာပါ စည်းမျဉ်းသစ်များအရ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများစာရင်းတွင် သေးခံဝတ်ဆင်ရန် အကြံပြုချက် ပါဝင်လာခြင်းဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မြင့်မားသည့် နေရာများသို့ ပျံသန်းသည့် ခရီးစဉ်များတွင် အဆိုပါအကြံပေးချက်အတိုင်း လိုက်နာကျင့်သုံးရမည်ဟု စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ပြောသည်။ လူတစ်သန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၀၀ ကျော်ရှိသည့် နိုင်ငံ၊ ဒေသများကို ကူးစက်မှုမြင့်မားသည့်နေရာများအဖြစ် သတ်မှတ်ထားသည်။


ကမ္ဘာတစ်ဝန်းတွင် လေကြောင်းလိုင်းများနှင့် လေဆိပ်များမှာ ခရီးသည်များကို တစ်ကျော့ပြန်ဝန်ဆောင် နိုင်ရေးအတွက် ပြောင်းလဲမှုများအကြီးအကျယ် ဆောင်ရွက်လျက်ရှိသည်။


KNT






အခြားဆက်စပ်သတင်းများ