နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံခံရမှုတွင် ပါဝင်သူအချို့ကို ဖမ်းဆီးခဲ့ဟု ဆို

တီဟီရန်   ဒီဇင်ဘာ    ၁၀


အီရန်နိုင်ငံ၏ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်ကို လုပ်ကြံရာတွင် ပါဝင်ခဲ့သူအချို့ကို ဖမ်းဆီးခဲ့ကြောင်း အီရန်လွှတ်တော်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြောသည်။ လုံခြုံရေးအရ အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်များကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသော်လည်း ရာဇဝတ်ဘေး ပြေးလွတ်မည်မဟုတ်ဟု လွှတ်တော်အကြံပေးပုဂ္ဂိုလ် အဗ္ဗဒိုလာဟင်က ပြောသည်။


နျူကလီးယားသိပ္ပံပညာရှင် ဖာရီဇာဒါကို လုပ်ကြံမှုတွင် အစ္စရေးနိုင်ငံ ပါဝင်ခဲ့သည့် သက်သေအထောက်အထား များတွေ့ရှိခဲ့ကြောင်း အဗ္ဗဒိုလာဟင်က ဆိုသည်။ ဖာရီဇာဒါ လုပ်ကြံခံရမှုတွင် ပါဝင်နေသည်ဆိုသည့် စွပ်စွဲချက်များကို အစ္စရေးနိုင်ငံက အတည်ပြုခြင်း၊ ငြင်းဆန်ခြင်းမရှိပေ။ ဖာရီဇာဒါမှာ နိုဝင်ဘာလ ၂၇ ရက်က တီဟီရန်မြို့အနီးတွင် ကားပေါ်၌ လုပ်ကြံပစ်ခတ်ခံခဲ့ရသည်။


ဖာရီဇာဒါ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အီရန်အာဏာပိုင်များက ပြောကြားချက်များတွင် ကွဲလွဲမှုများရှိနေသည်။ တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့က ဖာရီဇာဒါ၏ သက်တော်စောင့်များနှင့် သေနတ်သမားများကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။


သို့သော် ဖာရီဇာဒါ၏ကားကို မှတ်ဉာဏ်တုနည်းပညာအသုံးပြုပြီး ဂြိုဟ်တုမှထိန်းချုပ်သည့် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ခေါင်းဆောင်က ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် ပြောသည်။                                


KNT






အခြားဆက်စပ်သတင်းများ