နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်လှိုင်းသစ်တွင် ဆေးရုံခုတင် လိုအပ်ချက်မဖြစ်စေရန် တောင်ကိုရီးယား၌ ကွန်တိန်နာဆေးရုံခုတင်များ တည်ဆောက်နေ

ဆိုးလ်   ဒီဇင်ဘာ    ၁၀


ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ကျန်းမာရေးအဆောက်အအုံ လိုအပ်ချက် လျော့နည်းစေရန် တောင်ကိုရီးယားအာဏာပိုင်များက ကွန်တိန်နာပုံးများကို အသုံးပြု၍ ဆေးရုံခုတင်များ တည်ဆောက်လျက်ရှိသည်။


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားနိုင်ငံတွင် ( ကပ်ရောဂါစတင်ခဲ့ပြီးနောက်ပိုင်း ဒုတိယအများဆုံး တစ်ရက်တာလူနာသစ်တွေ့ရှိမှုအဖြစ်) ပိုးတွေ့လူနာ ၆၈၆ ဦး တွေ့ရှိခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၁၀ ရက်တွင်လည်း ပိုးတွေ့လူနာ ၆၈၂ ဦး တွေ့ရှိခဲ့သည်။ ပိုးတွေ့လူနာ တစ်ကျော့ပြန် များလာခြင်းကြောင့် ဆေးရုံခုတင် နေရာလွတ်မကျန်မည်ကို စိုးရိမ်ပူပန်လာကြ၍ ဆိုးလ်မြို့တွင် ကပ်ရောဂါကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကွန်တိန်နာဆေးရုံခုတင်များ တည်ဆောက်နေခြင်းဖြစ်သည်။


လူဦးရေ ၁၀ သန်းရှိသည့် ဆိုးလ်မြို့တွင် ရောဂါပြင်းထန်သူများအတွက် ဆေးရုံခုတင် ၃ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီး လူနာအားလုံးအတွက် ဆေးရုံခုတင် ၁၇ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ဆိုးလ်မြို့အစိုးရအဖွဲ့၏ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးအရာရှိ ပက်ယိုမီက ပြောသည်။


ကျန်းမာရေးအာဏာပိုင်များက ဆိုးလ်မြို့တော်တစ်ဝိုက် တည်နေရာ ၁၅၀ မှာ ယာယီစခန်းများ ဖွင့်လှစ်ကာ ရောဂါစစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်ရန် စီစဉ်နေသည်။ တောင်ကိုရီးယားနိုင်ငံတွင် လူဦးရေ၏ ၆၀ ရာခိုင်နှုန်း ( ၄၄ သန်း)ကို ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ကမ္ဘာ့ဆေးကုမ္ပဏီ ၄ ခုထံမှ ကာကွယ်ဆေးများ ဝယ်ယူရန် စာချုပ်ချုပ်ဆိုလိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ တိုးမြှင့်ဝယ်ယူရန် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်က တိုက်တွန်းခဲ့သည်။    


KNT






အခြားဆက်စပ်သတင်းများ