နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့်နှစ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဖြူးပေးရန် အသင့်ဖြစ်မည်ဟု ထိုင်းဝန်ကြီးချုပ် ဆို

ဘန်ကောက်   ဒီဇင်ဘာ  ၁၀


၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံအပါအဝင် ACMECS(Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy)အဖွဲ့ဝင်နိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်ဖြန့်ဖြူးပေးရန် ထိုင်းနိုင်ငံ အသင့်ဖြစ်လိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောသည်။


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံများ၏ ခေါင်းဆောင်များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် တက်ရောက်ခဲ့သည့် ACMECS အဖွဲ့ဝင်နိုင်ငံများ ၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး အွန်လိုင်းဆွေးနွေးပွဲတွင် ထိုင်းဝန်ကြီးချုပ်က ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။


''မဲခေါင်မြစ်ဝှမ်းဒေသမှာ နေထိုင်သူတွေအားလုံး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ တန်းတူညီမျှ ဝယ်ယူရရှိနိုင်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ဆေးဝါးတွေကို အများပြည်သူကုန်စည်တွေအဖြစ် ထိုင်းနိုင်ငံက သတ်မှတ်သွားမှာပါ'' ဟု ပရာယွတ်ချန်အိုချာက ပြောသည်။


ထိုင်းနိုင်ငံမှာ အောက်စဖို့ဒ်တက္ကသိုလ်နှင့် ပူးပေါင်း၍ ကာကွယ်ဆေးဖော်စပ်နေသည့် ဗြိတိန်ဆေးဝါးကုမ္ပဏီ (AstraZeneca)ထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး အဖုံ ၂၆ သန်း မှာယူထားပြီး ၂၀၂၁ ခုနှစ် နှစ်လယ်တွင် ကာကွယ်ဆေးထုတ်လုပ်ခွင့်လိုင်စင်ရရန် မျှော်လင့်ထားသည်ဟု ပရာယွတ်ချန်အိုချာက ဆိုသည်။


အဆိုပါဆွေးနွေးပွဲတွင် ကပ်ဘေးအလွန်ကာလ၌ စီးပွားရေး ပြန်လည်ဦးမော့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးအခွင့်အလမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မဲခေါင်ဒေသခွဲကို ဘေးကင်းလုံခြုံသည့်ဒေသတစ်ခုအဖြစ် လူသိများလာအောင် ထိုင်းနိုင်ငံက ကူညီပေးသွားမည်ဟု ပရာယွတ်ချန်အိုချာက ပြောသည်။


KNT






အခြားဆက်စပ်သတင်းများ