နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံတွင် တစ်ရက်အတွင်း စံချိန်တင်ရောဂါကူးစက်မှုအဖြစ် COVID-19 ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိ

မေ ၄၊ မော်စကို

ရုရှားနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါ စံချိန်တင်ကူးစက်ခံရမှုအဖြစ် ကူးစက်ခံရသူ ၁၀၆၃၃ ယောက် ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၃၄၆၈၆ ရှိလာခဲ့သည်။ ရုရှားနိုင်ငံမှာ ကမ္ဘာပေါ်ရှိ COVID-19        ကူးစက်ခံရမှုအများဆုံးနိုင်ငံများစာရင်းတွင် အဆင့်(၇) နေရာ ရောက်ရှိလာခဲ့သည်။ သို့သော် အမေရိကန်၊ အီတလီ၊ စပိန် အစရှိသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရုရှားနိုင်ငံတွင် သေဆုံးမှုနည်းပါးပြီး သေဆုံးသူ ၁၂၈၀ ဦး ရှိသည်။ ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့တွင် ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးကာလ ကုန်ဆုံးခြင်းမရှိသေး၍ သတိလက်လွတ်မနေကြရန် မော်စကိုမြို့တော်ဝန် ဆိုဘာနင်က သတိပေးထားသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က မော်စကိုမြို့တွင် ကူးစက်ခံရသူ ၅၉၄၈ ယောက်ရှိခဲ့ရာ မော်စကိုမြို့တွင် စုစုပေါင်းကူးစက်ခံရသူ ၆၈၆၀၆ ယောက်အထိ ရှိလာခဲ့သည်။ လူဦးရေ ၁၂ သန်း နေထိုင်သည့် မော်စကိုမြို့တွင် တင်းကျပ်သည့် ပိတ်ဆို့မှုများ ချမှတ်ထားပြီး ခြွင်းချက်အခြေအနေအချို့မှလွဲ၍ ဒေသခံများကို အိမ်ထဲတွင်သာ နေကြရန် ညွှန်ကြားထားသည်။ ရုရှားနိုင်ငံ၏ အခြေအနေမှာ အလွန်အရေးကြီးနေဆဲဖြစ်၍ လာမည့်ရက်သတ္တပတ်များတွင် ကပ်ရောဂါ၏ ကြောက်မက်ဖွယ်ရက်စက်သည့်အဆင့်ကို ကျော်ဖြတ်နိုင် အောင် အသင့်ပြင်ထားရန် ရုရှားသမ္မတ ပူတင်က ပြောသည်။ 
                                                                                
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ