နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါနိုင်ငံသို့ လက်မရွံ့တပ်ဖွဲ့ စေလွှတ်ခဲ့သည်ဆိုခြင်းကို ဆော်ဒီအိမ်ရှေ့မင်းသား ငြင်းဆန်

ရီယာ့ဒ်    ဒီဇင်ဘာ    ၉


ပြည်ပတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆော်ဒီထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးကို သတ်ဖြတ်ရန် ကနေဒါနိုင်ငံသို့ လက်မရွံ့တပ်ဖွဲ့ စေလွှတ်ခဲ့သည်ဆိုသော သတင်းများကို ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်မန်က ငြင်းဆန်ခဲ့သည်။ အမေရိကန်နိုင်ငံ တရားရုံးတွင် တိုင်ကြားခဲ့သည့် တရားစွဲဆိုမှု၌ ယင်းကို ကနေဒါနိုင်ငံတွင် လုပ်ကြံရန် ကြိုးပမ်းခဲ့ကြောင်း ဆတ်အယ်ဂျာဘရီက ပြောသည်။


ဆတ်အယ်ဂျာဘရီမှာ လွန်ခဲ့သည့်သုံးနှစ်က ကနေဒါနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သူဖြစ်သည်။ ယင်း သိထားသည့်ကိစ္စ များပြားခြင်းကြောင့် အိမ်ရှေ့မင်းသား ဘင်ဆယ်မန်က ယင်းကို သတ်ဖြတ်လိုခြင်းဖြစ်သည်ဟု ဆတ်အယ်ဂျာဘရီက ဆိုသည်။ ဆော်ဒီနိုင်ငံ၏ အုပ်ချုပ်သူအဖြစ် သတ်မှတ်ထားသည့် အိမ်ရှေ့မင်းသား ဘင်ဆယ်မန်မှာ ယင်း၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဆတ်အယ်ဂျာဘရီက ပြောသည်။ ဘင်ဆယ်မန်မှာ နိုင်ငံ့အကြီးအကဲဖြစ်၍ တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့် ရရှိထားသည်။


တာဝန်ထမ်းဆောင်နေဆဲ ပြည်ပ ခေါင်းဆောင်များမှာ ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံတွင် တရားမမှုဖြင့် တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိသည်။
သို့သော် ဆတ်အယ်ဂျာဘရီက Alien Tort ဥပဒေ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားသားများကို အမေရိကန်နိုင်ငံတွင် တရားစွဲဆိုခွင့်ပြုထားသည့် ၁၉၉၁ ခုနှစ် ညှဉ်းပန်းနှိပ်စက်ခံရသူများ ကာကွယ်ပေးရေး အက်ဥပဒေအရ အိမ်ရှေ့မင်းသားကို တရားစွဲဆိုခြင်းဖြစ်သည်။


အသက် ၆၁ နှစ်ရှိသည့် အယ်လ်ဂျာဘရီမှာ ဗြိတိန်နိုင်ငံ၏ MI6 ထောက်လှမ်းရေးအဖွဲ့နှင့် ဆော်ဒီနိုင်ငံရှိ အနောက်နိုင်ငံများ၏ ထောက်လှမ်းရေးအဖွဲ့များကြား ကြားလူအဖြစ် နှစ်ရှည်လများ ဆောင်ရွက်ခဲ့သူဖြစ်သည်။           


KNT






အခြားဆက်စပ်သတင်းများ