နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတအဖြစ် တာဝန်ယူသည့် ပထမရက် ၁၀၀ အတွင်း ပြည်သူသန်း ၁၀၀ ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဟု ဂျိုးဘိုင်ဒင်ဆို

ဝါရှင်တန်     ဒီဇင်ဘာ  ၉


သမ္မတအဖြစ် စတင်တာဝန်ယူသည့် ပထမရက် ၁၀၀ အတွင်း ပြည်သူသန်း ၁၀၀ ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရန် လျာထားကြောင်း ရွေးကောက်ပွဲအနိုင်ရပြီဆိုသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ပြောသည်။ သမ္မတအဖြစ် စတင်တာဝန်ယူသည့် လများအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အဆုံးသတ်ပေးနိုင်မည်မဟုတ်သော်လည်း ကူးစက်ပြန့်ပွားမှု အလားအလာကို ပြောင်းလဲပေးနိုင်မည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။


သို့သော် ကာကွယ်ဆေးထိုးနှံရေးဗျူဟာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ကြေညာခဲ့ခြင်းမရှိပေ။
လွှတ်တော်တွင် ၂ ပါတီလုံး၏ လွှတ်တော်အမတ်များကြား ဆွေးနွေးမှုများလုပ်ပြီး အချိန်တိုအတွင်း ရန်ပုံငွေ မပေးနိုင်ပါက ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအားထုတ်မှုများ နှေးကွေး၊ ကြန့်ကြာရနိုင်သည်ဟု ဂျိုးဘိုင်ဒင်က ပြောသည်။ ကလေးငယ်များ ကျောင်းပြန်တက်ခွင့်ရရေးမှာ အဓိကဦးစားပေးသတ်မှတ်ချက်ဖြစ်သည်ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။


အမေရိကန်ပြည်သူများအနေဖြင့် ယင်း၏ သမ္မတသက်တမ်း ရက် ၁၀၀ အတွင်း နှာခေါင်းစည်းတပ်ဆင်ကြရန် ဂျိုးဘိုင်ဒင်က တိုက်တွန်းခဲ့သည်။
အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅ သန်းကျော်ရှိနေပြီး လူ ၂၈၅၀၀၀ သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။


အမေရိကန်နိုင်ငံ၏ ဒေသအများအပြားတွင် ကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိပြီး ဆေးရုံတက်ရသူ အရေအတွက်မှာလည်း စံချိန်တင်မြင့်တက်ခဲ့သည်။ မကြာသေးမီက ကျရောက်ခဲ့သည့် ကျေးဇူးတော်နေ့ အားလပ်ရက်တွင် လူသန်းပေါင်းများစွာ ခရီးသွားခဲ့ခြင်းကြောင့် ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်ခဲ့ခြင်းဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။                                        


KNT






အခြားဆက်စပ်သတင်းများ