ဒါကာ ဒီဇင်ဘာ ၉
လူကုန်ကူးသူများကို ပိုက်ဆံပေးပြီး သားဖြစ်သူများကို ဥရောပသို့ ခေါ်ဆောင်သွားစေခဲ့သည့် ဖခင်သုံးဦးကို ဆီနီဂေါတရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။ လူကုန်ကူးသူများနှင့် လိုက်ပါခဲ့သူများအနက် အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေး အော့စ်မန်ဖာယီမှာ ပြီးခဲ့သည့်အောက်တိုဘာလက ပင်လယ်ပြင်တွင် သေဆုံးခဲ့သည်။
ယင်းမှာ ပါရမီရှင် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး အီတလီ ဘောလုံးအကယ်ဒမီတွင် တက်ရောက်ခွင့်ရရန် မျှော်လင့်ခဲ့သူဖြစ်သည်။ အော့စမန်ဖာယီကို ပြည်ပပို့ခဲ့ခြင်းနှင့်ပတ်သက်၍ အံ့အားသင့်အောင် လုပ်လိုသည့်အတွက် ယင်း၏ဖခင်က ဇနီးဖြစ်သူကိုပင် ဖွင့်မပြောခဲ့ကြောင်း တရားရုံးက ကြားနာခဲ့သည်။
သားများကို အသက်အန္တရာယ်ဖြစ်စေမှုဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် အမ်ဘောမြို့ တရားရုံးက ဖခင်သုံးဦးကို ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
ဆီနီဂေါနိုင်ငံတွင် အထောက်အထားမပါသည့် ရွှေ့ပြောင်းနေထိုင်သူများ၏ မိဘများကို ထောင်ဒဏ်ချမှတ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဆီနီဂေါနိုင်ငံမှ ဘီဘီစီသတင်းထောက်က သတင်းပေးပို့ထားသည်။ တရားရုံး၏ စီရင်ချက်ချမှတ်မှုနှင့်ပတ်သက်၍ ပြည်သူ များကြား သဘောထားကွဲလွဲစေခဲ့ပြီး မိဘများကို ထောင်ဒဏ်ချမှတ်ခြင်းကြောင့် လူငယ်များကို ပင်လယ်ကူး လှေများပေါ် မလိုက်ပါအောင် တားဆီးနိုင်မည်မဟုတ်ဟု လူအများအပြားက မှတ်ချက်ပေးခဲ့သည်။
KNT